15

1.4K 148 8
                                    


ထိုင်းမြေပေါ် ခြေချလိုက်ရင်ဘဲ သူရင်ဘတ်တွေ
တင်းကြပ်လာရသည်။သူမကို သူထားခဲ့ရသည်။
ပြီးတော့ ကတိတစ်ခု သူမကို ပြန်သွားခေါ်ဖို့။
ဒီအတွက် သူအဘိုးနဲ့ ဘယ်လိုအပေးအယူတွေလုပ်
ရမလဲဆိုတာသူတွေးမရသေးဘူး။

လေဆိပ်ကထွက်ထွက်ချင်း လာကြိုတဲ့ကားပေါ်
တက်ရသည်။ပြီးတော့ စံအိမ်သို့ ဦးတည်လျက်။
ကျယ်ဝန်းတဲ့ခြံထဲကို သူလမ်းလျှောက်ဝင်ခဲ့သည်။

"ဦးလေး ဖန် ဘိုး ကအနည်းဆုံးအချိန်ဘယ်လောက်
ကျန်နိုင်သေးလဲ"

"မမလေး "

"မေးတာဖြေပါ "

"နှစ်နှစ် သုံးနှစ်ဖြစ်မလားဘဲ မမလေး ခုထိတော့ကျန်းမာနေသေးတယ်"

"ဟုတ်ပြီ "

စံအိမ်ထဲလှမ်းဝင်လိုက်တော့ ဧည့်ခန်းမှာ သူ့အဘိုး
အသင့်စောင့်နေတာကိုတွေ့ရသည်။
သူ့ဦးလေးမိသားစုရောရှိသည်။သေချာတာက
သူ ဒီမှာနေ့လည်စာ စားရလိမ့်မည်ဆိုတာပါပဲ။

"ရောက်လာပြီလား မြေး"

သူ့အဘိုးထိုင်နေတဲ့ဆိုဖာရဲ့အောက်ကြမ်းပြင်ပေါ်ဝင်
ထိုင်ပြီးကန့်တော့ပြီးတယ်။ပြီးတော့

"ဘိုး စာဖတ်ခန်းထဲမှာစကားပြောမလား"

သူ့အဘိုးခေါင်းညိမ့်ပြတယ်။ပြီးတော့ တစ်ခုခုသောက်
မလားမေးတယ်။

"ကော်ဖီရတယ်မလား စံအိမ်မှာ"

"မရှိဘူး မြေး"

"ရပါတယ် လက်ဖက်ရည်ကို ခါးအောင်ဖျော်ခဲ့ပေးပါ"

သူ့အဘိုး ကအရင်ထကာ စာဖတ်ခန်းထဲဝင်သွား
တယ်။သူလည်းနောက်ကလိုက်ဝင်သွားသည်။
Mr.Li ထိုင်နေကျခုံမှာမထိုင်ဘဲ ဘေးကစားပွဲလေး
မှာဝင်ထိုင်တယ်။ခုံကနှစ်ခုံရှိသည်။
သူလည်းဝင်ထိုင်လိုက်ပြီးနောက်

"ဘိုး စစ်တုရင်ထိုးရတာသဘောကျလား"

"အင်း သဘောကျတယ်"

"ဒါဆို ကျားကစားတာရော "

"ဒီကစားနည်းက စည်းကမ်းသတ်မှတ်ချက်သိပ်မရှိဘူး
မလား "

"သူက လွယ်ကူတယ် ပြီးတော့ တစ်ပွဲကို သိပ်မကြာတတ်ဘူး မြေးနဲ့ကစားကြမလား"
(ကိုရီယားကားတွေထဲကကျားကွက်မဟုတ်ပါ
မြန်မာနိုင်ငံမှာ ကစားတဲ့ဟာ ကိုယ်တွေဆော့ကြတယ်
ပြီးရင်ရန်ဖြစ်ကြရော )

Remember I Love You Where stories live. Discover now