Part1😁

3.5K 278 23
                                    

မူကြို ပထဆုံး သွားရမှာမို့ ချန်းယောလ် အတော်လေး မြူးထူးနေသည်။

ချန်းယောလ် ကျောင်းတတ်ရင် သူငယ်ချင်းတွေ အများကြီးရမှာ။

ပီးတော့ ချန်းယောလ်က ချောတော့ မိန်းကလေးတွေကြား နာမည်ကြီးမှာ သေချာတယ်။

ပျော်မြူးပီး မနက်ထဲက တတ်ကြွနေတဲ့ ချတ်းယောလ်ကို မေမေကတော့ ပြုံးပျော် ကြည့်မဆုံး။

အိမ်မှာ အဆော့သန် လွန်းလို့ ကျောင်းကို ပို့ချင်နေတာ ကြာခဲ့ပီကိုး။

ဆရာမနဲ့ မေမေတို့ စကားပြောနေတာ ကြာလွန်းသည်။

အတန်းထဲသွားပီး သူငယ်ချင်း အသစ်တွေ ရချင်လှပီ။

အခန်းဝထိတောင် မေမေကို လိုက်မပို့ခိုင်းတော့ပဲ ဆရာမ လက်ကို ဆွဲကာ ခုန်ဆွ ခုန်ဆွနဲ့ အတန်းထဲ လိုက်ခဲ့သည်။

"သား ကြိုက်တဲ့ နေရာ ထိုင်တော် သွားအတန်းထဲ ဆရာမ တစ်ခြား ကလေးတွေ စောင့်ပေးလိုက်ဦးမယ် "

"ဟုတ်"

အတန်းထဲ မျက်စိ ကစားလိုက်တော့ ပြတင်းပေါက်ဘေးမှာ ထိုင်နေတဲ့ ကောင်လေးကို စိတ်ဝင်စားသွားသည်။

ထို့ကြောင့် တစ်ဖြည်းဖြည်း အနားကို တိုးကပ်သွားလိုက်ပီး...

"အာညော် ငါက ချန်းယောလ်ပါ "

"အင်း."

သွားပီး မိတ်ဆက်ပေမဲ့ အချေခံရ၏။

ဒါပေမဲ့ ခင်ချင်နေဆဲ။ ဘေးမှ အရှက်မရှိ ဝင်ထိုင်ပီး ပြတင်းပေါက် ဘက်ငေးနေတဲ့ ကောင်းလေးကို မထိ တစ်ထိ သွားစဖို့ ကြံလိုက်သည်...။

"မင်း နာမည်က ဘာလဲ "

"အသက် ဘယ်နှစ် နှစ် ရှိပီလဲ "

"ငါနဲ့ တူတူပဲပေါ့နော့ ဟိ"

ပါးစပ်ကို လက်လေးနဲ့ ပိတ်ပီး ရီလိုက်သေး၏။

"ငါ့ကို အဖက်လုပ်ပါဦးတွ"

"စကားမပြောတတ်တာလား နားမကြားတာလား "

ချန်းယောလ်ကို နည်းနည်းလေး တောင် ပြန်လှည့်ုကြည့်မလာ။

ချန်းယောလ် မှာ သရဲ ကို စကားပြောနေရ သလိုပင်။

ဒါပေမဲ့ ချန်းယောလ်က လွယ်လွယ် လက်မလျော့ တတ်ဘူး။

"ဟိတ် သူငယ်ချင်း လုပ်ရအောင် "

"တူငယ်ချင်း"

ချန်းယောလ် ဘက်လှည့်လာပီး အဖက်လုပ်လာပီ။ ကြည့်ရတာ ကြောက်နေတာထင်။ မျက်ရည်တွေ ဝဲလို့။ အစက ဟိုဘက်လှည့်နေလို့ ချန်းယောလ် သတိ မထားခဲ့မိဘူး။

ချန်းယောလ်က စကားပီပီသ သ ပြောနိုင်ပေမဲ့ ထိုအကောင်ပေါက်လေးက စကားမပီသေး။

သေချာကြည့်မှ ထို ကောင်လေးက လက်တွေပါ တုန်နေသည်။

တုန်နေတဲ့ လက်လေးပေါ် ချန်းယောလ် လက် ကစ်ကစ်လေးကို တင်လိုက်ပီး

"မကြောက်နဲ့နော် ငါချိတယ် "

"နာ.မကြောက်ပါဝူး"

ချန်းယောလ် ထက် သေးနေတဲ့ ကိုယ်လေးကို ဆွဲ ဖက်လိုက်ပီး

"မကြောက်နဲ့နော် "

"နာ မကြောက်ပါ ဝူးချို မှ အီး ဟီး "

မကြောက်ပါနဲ့ ပြောမှ အော်ငိုတော့သည်။

"အိမ်ပြန်ချင်တယ် အီး...အီး"

"မငိုနဲ့ တိတ် တိတ် ငါချိတယ်လေ "

"ကျောင်းတတ်ချင်ဝူး "

"ငါချိပါတယ်ဆို ငိုနဲ့ တိတ် တိတ် "

"မေမေက ကျောင်းကို အတင်းပို့တယ် အီးဟီး
တစ်ယောက်ထဲ ကြောက်ပါတယ် ချိုမှ"

မျက်ရည်တွေကို သုတ်ပေးလိုက်ပီး မျက်နာချင်းဆိုင် ကြည့်စေသည်။

"စိတ်ပူနဲ့ ငါနဲ့ သူငယ်ချင်းလုပ် မင်းတစ်ယောက်ထဲ မဖြစ်တော့ဘူး"

"မင်းနဲ့ တူငယ်ချင်း လုပ်ရင် နာ့ကို အလို လိုက်မှာလား "

"အင်း လိုက်မှာ "

"နာက ဆိုးနေရင်ရော တူငယ်ချင်းလုပ်ဦးမှာလား "

"အင်းပေါ့မင်းကိုလဲ ကာကွယ်ပေးဦးမှာ "

"ဂယ်ကြောတာလား "

"တစ်ကယ်ပေါ့ မငိုနဲ့နော် "

"ဂတိပေး "

"ကတိ "

လက်သန်းချင်း ချိတ်လို့ ပေးခဲ့ ဖူးတဲ့ ကတိလေးတွေက ဖြူစင်ခဲ့ပါတယ်။

ထိုအချိန်က စပီး ချန်းယောလ်က ထိုကောင်းလေးရဲ့ Hero အဖြစ်ခံယူခဲ့သည်။

.....tbc....
😀 မအားတဲ့ ကြားက မနေနိုင် မထိုင်နိုင် ထရေး...😂

F R I E N D Z O N E💩Where stories live. Discover now