part14😇

1.5K 209 50
                                    

"ငါတို့ တွဲရအောင်ဆယ်ဟွန်း"

"ဘာတွေ လျှောက်ပြောနေတာလဲ ချန်းယောလ် ငါတို့က သူငယ်ချင်းတွေလေ"

ချန်းယောလ် လေး ခေါင်းငိုက်စိုက်ကျသွားသည်။ ဆွဲထားမိတဲ့ ဆယ်ဟွန်းလက်ကိုတော့ လွှတ်မပေးရသေး။

အရှိုက်တဲ့တဲ့ထိမဲ့ စကားလုံးတွေ မသုံးပဲနေလို့မရဘူးလား ဆယ်ဟွန်းနား။

ရင်ဘက်ကြီးကို ဓားနဲ့ ဇွက်ဇွက်ဇွက်နဲ့သာ ထိုးလိုက်ပါတော့။ ဒီလို ခံစားရမဲ့ စကားတွေပြောမဲ့အစား။

ဆယ်ဟွန်းနဲ့ တွဲရဖို့ ချန်းယောလ် မျိုးစုံ စဉ်းစားခန်းဖွင့်နေမိသည်။
ဟုတ်ပြီ...အကြံရပြီ။

"ငါပြောတာ... ငါပြောတာက ငါတို့ ဟန်ဆောင်တွဲမယ်လို့"

"ဟမ်.."

"ဟုတ်တယ်...ငါအခုတစ်လော ကောင်မလေးတွေ လာလာကြောင်နေတာနဲ့ စိတ်ရှုပ်နေတာ "

"ဘာဆိုင်လို့လဲ"

"မင်းက ငါ့အချစ်ဆုံးသူငယ်ချင်းပဲ ငါ့ကို ကူညီတယ်လို့ သဘောထားပြီး ငါ့နဲ့ တွဲရမှာပေါ့"

"တော်ကြီကွာ ဒါတော့ ငါမကူညီချင်ဘူး.."

"မင်း မကူညီရင်... မင်းကို... တစ်ခုခု... လုပ်ပြစ်မှာနော် "

ဆယ်ဟွန်း အလယ်ပိုင်း ရပ်ဝန်းကို မျက်စောင်းထိုးကြည့်ပြီး လူယုတ်မာ အပြုံးနှင့် ပြုံးနေလိုက်သည်။

ချန်းယောလ် အကြည့်တွေကြောင့်ဆယ်ဟွန်းက သူ့အလယ်ပိုင်းရပ်ဝန်းပို လက်တစ်ဖက်နဲ့ကာလိုက်၏။

"မင်းနော်...ငါထိုးမှာဗျ "

"ဘာလဲ...ငါပြောတာ မင်းမကူညီရင်မင်းကို နမ်းမယ်လို့"

ထိုင်နေရာက ထပြီး ဆယ်ဟွန်း နားအနားကို ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
နားကိုပါ အစစ်ကိုက်လိုက်သေး၏။

"မင်း...သေကွာ "

"အား...ဆယ်ဟွန်းနီး နာတယ်လို့ "

ခေါင်းကို လက်သီးနဲ့ ပိတ်ထုခဲ့ ပြီး အခန်းထဲသို့ ကောတော့ကောတော့နဲ့ ဝင်သွားသော ဆယ်ဟွန်းကို ချန်းယောလ်အူးယားလိုက်တာ။

F R I E N D Z O N E💩Kde žijí příběhy. Začni objevovat