........................................................................
ကျွန်တော် ချစ်တယ်ပြောရင် သူက ရ်ီတယ်...
ဟာသတွေ မပြောစမ်းနဲ့တဲ့...
ကျွန်တော် ဟာသ ပြောခဲ့တာ မှ မဟုတ်တာ
........................................................................
အထက်တန်းပထမ နှစ် ကျောင်းစတတ်ကမည်မို့ ထုံးစံအတိုင်း ဆယ်ဟွန်း ကြောက်သည်...။
ငယ်ငယ်ထဲက ကြောက်တတ်လွန်းတဲ့ အကျင့်က ခုထိ ဖျောက်မရသေး။
ဘေးမှာ ချန်းယောလ် ရှိ၍သာ...။
ကျောင်းသွားဖို့ ရေမိုးချိုး ပြင်ဆင်ပီး ချန်းယောလ်တို့ အိမ်ဘက် စက်ဘီးလေး စီးလို့ ထွက်ခဲ့လိုက်သည်..။
အစောကြီး ထွက်လာခဲ့လိုက်တာက ချန်းယောလ်ကို နှိုးရဦးမှာမလို့...။ ဒီကောင်ကို နှိုးရင် အနည်းဆုံး နာရီဝက်လောက်ကြာတတ်တာမို့။
"မားမား ပတ်ခ် ချန်းယောလ်ရော "
"မင်းသူငယ်ချင်းလား ဒီအချိန်နိုးမှာ
အပေါ်တတ်ပီး နှိုးလိုက်ဦးသားရေ "ထင်တဲ့ အတိုင်းပင်...။ ခုထိ အိပ်ယာ မထသေးဘူးတဲ့။
"ဟုတ် မားမား "
အပေါ်ထပ်က ချန်းယောလ် အခန်းဆီကို တတ်လာခဲ့လိုက်ပီး အခန်းထဲကို ခြေသံ လုံလုံနဲ့ ဖွဖွလေး လျှောက်ခဲ့လိုက်သည်။
အနောက်ကနေ တွန်းချပစ်ဖို့ စိတ်ကူးပေမဲ့...
"အမေ့..."
လျှင်မြန်လွန်းတဲ့ လက်တစ်ဖက်က ဆယ်ဟွန်းကိုယ်ကို ဆွဲယူသွားသည်..။
ဒီကောင် ချန်းယောလ် ဆယ်ဟွန်းဝင်လာတာကို သိသွားပြန်ပီ...။
"ချန်းယောလ် လွှတ်ဦး"
ဖက်လုံးပမာ သဘောထားပုံ ရသည့် ချန်းယောလ်ကိုလွှတ် ပေးဖို့ပြောပေမဲ့ အချဉ်းနီးသား...။
"ငါ ဝင်လာတာ ဘယ်လိုသိလဲ "
"ဒါလေးတောင် မသိရအောင် မင်းနဲ့ငါက အခုမှ ပေါင်းလာတာလား "
"ဟီး..."
"အစောကြီးရှိသေးတယ် ငါ အိပ်ဦးမယ် "
YOU ARE READING
F R I E N D Z O N E💩
Romanceသူငယ်ချင်းလေးပါပဲ... သူငယ်ချင်းလေးပဲတဲ့ကွယ်... ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါနဲ့ ချစ်ရသူလေး..☹ ချစ်တော့ချစ်တယ်...ဒါပေမဲ့ သူငယ်ချင်းပဲတဲ့😌