"ဆယ်ဟွန်းနား...."
"ဘာတုန်း..."
"ငါက ချစ်တယ် လို့ "
ညကြီးသံခေါင်း မူးရူးပြီး phဆက်နေသော ပတ်ချန်းယောလ်ပါလေ။
မူးတိုင်း ချစ်တယ်ဆိုတဲ့စကားကို တွေ့တဲ့သူမှန်သမျှ လိုက်ပြောတတ်တဲ့ ချန်းယောလ်အကျင့်ကို သိတာကြောင့် ဆယ်ဟွန်း ရင်မခုန်မိတော့။
"ကြားလား ဆယ်ဟွန်း..."
"အင်းကြားတယ်...ဘာလို့ အရက်သောက်ထားတာလဲ"
"မင်းကို ချစ်တယ်လို့ ပြောမလို့ "
"ချန်းယောလ် မူးနေရင် အိပ်တော့ကွာနော် "
"ငါအခု မင်းအိမ်ရှေ့မှာ "
"ဘာ..."
"အမလေး လန့်လိုက်တာ ဟွန်းလေးရာ..."
"ဘာလာလုပ်တာလဲ "
"လွမ်းလို့ တွေ့ချင်လို့"
အမလေး အပြင်မှာ ဒီလောက် ချမ်းအေးနေတာကို။ ဒီကောင် မလကီးယားတော့မှာပဲ။
မဖြစ်သေးပါဘူး...။
ပစ်ထားလိုက်ချက်ပေမဲ့လဲ....
မေမေတို့ မနိုးအောင် ခြေသံ ဖွဖွနင်းလျှောက်ကာ အနွေးထည် တစ်ခုအပို ယူရင် အိမ်ပြင်ဘက် ထွက်ခဲ့လိုက်သည်။
တကယ်ပဲ ချန်းယောလ်က အိမ်ရှေ့က အုတ်ခုံလေးဘေးမှာ ငုတ်တုပ်လေး ထိုင်နေလေရဲ့။
ယူလာတဲ့ အနွေးထည်အပိုကို ချန်းယောလ်ပေါ်မှာ ဖုံးလွမ်းပေးလိုက်တော့ ဆယ်ဟွန်းကိုမော့ကြည့်ပီး ပါးချိုင့်နက်နက်ကြီးတွေပေါ်တဲ့ ထိ ရယ်ပြလာသည်။
ဘေးမှာ ဝင်ထိုင်လိုက်ရင်း..
"ချန်းယောလ် ထဦး ကွာ.."
"ဟင်...ထချင်ဝူး.."
"ချန်းယောလ်လေးက လိမ္မာပါတယ်ကွာနော်.."
"ဟင့်အင် ချန်းယောလ်လီက လိမ္မာဝူး.."
ချော့ပြောနေတာတောင် ငမူးကောင်က ရစ်နေသေးသည်။
"ဒီမှာ မနက်အထိ ထားခဲ့မှာနော် မထရင်.."
"ဆယ်ဟွန်းအစစ်က အဲ့လို လုပ်မှာ မဟုတက်ဘူး... "
YOU ARE READING
F R I E N D Z O N E💩
Romanceသူငယ်ချင်းလေးပါပဲ... သူငယ်ချင်းလေးပဲတဲ့ကွယ်... ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါနဲ့ ချစ်ရသူလေး..☹ ချစ်တော့ချစ်တယ်...ဒါပေမဲ့ သူငယ်ချင်းပဲတဲ့😌
