part8🙂

1.3K 220 48
                                    

"ချန်းယောလ် လက်ကို လွှတ်ဦး နာနေပြီ "

ကျောင်းပေါက်ဝကနေ ဆယ်ဟွန်းလက်ကို အတင်းဆွဲခေါ်လာခဲ့တာ အိမ်နားတောင် ရောက်တော့မည်ဖြစ်သည်။

"ပြဦး အရမ်းနာသွားလား "

"တော်ပြီ မကြည့်နဲ့ ဘာလို့ အတင်းဆွဲခေါ်လာတာလဲ ပြော"

"မင်းကို အဲ့ကောင်မလေးနဲ့ မပက်သတ်စေချင်လို့ပေါ့"

"မင်းကျတော့ ကောင်မလေးတွေနဲ့ပတ်သတ်ပြီးတော့"

"ငါက ပတ်သက်လို့ရတယ်
မင်းက မရဘူး...
မင်းပတ်သက်လို့ရတာ ငါပဲရှိတယ်
ငါကလွဲရင် ဘယ်သူနဲ့မှ မပတ်သတ်နဲ့ "

"တရားတာ..."

"တရားတယ်ကွာ...သွားမယ် အိမ်ပြန်မယ် "

"ကျောပိုး..."

ဘာမှပြန်မပြောတော့ပေမဲ့ ဆယ်ဟွန်းရှေ့မှာ ထိုင်ချပေးသည်။
ကျောပေါ်ကို အမြန် တတ်လိုက်ပြီး...

"Let Go"

လက်တစ်ဖက်က ချန်းယောလ်ကို ဖက် တစ်ဖက်က လေပေါ်မြှောက်ကာ ကလေးတစ်ယောက်လို အော်လိုက်၏။

"ကလေးလား..."

"ကလေးပေါ့..."

ချန်းယောလ် ပြုံးလိုက်မိပါ၏။
ဒီကောင်လေး တစ်နေ့တစ်နေ့ သူ့ကို အချစ်ပိုအောင် လုပ်နိုင်လွန်း၍။

....
....
...

စာမေးပွဲ ကြီးပြီးတာ ဖြင့် တစ်ပတ်တောင် ပြည့်တော့မယ်။
ချန်းယောလ် က ခုချိန်ထိ သူ့အိမ်ကို မပြန်သေး။
ခဏလောက်သာ သူ့အိမ်မှာနေပြီး ဆယ်ဟွန်းအိမ်မှာပဲ အိပ်လိုက် ၊ စားလိုက်နဲ့။

ပါးကြီးတွေက ဖောင်းကားနေပြီး တစ်ဖြေးဖြေး ဝက်နဲ့ပင် တူလာပြီ။
ဘောင်ဘီအတိုတွေပဲ ဝတ်နေပြီး ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းထူထူလေးနဲ့ဆိုတော့ ချန်းယောလ်က တကယ်ပဲ ကလေးလိုလို ဝက်လိုလို ဖြစ်နေ၏။

မားမား ပတ်ခ် ကလဲ ချန်းယောလ်ကို အိမ်ပြန်လွှတ်လိုက်ပါဦးလို့ ဆယ်ဟွန်းကို အပူကပ်နေပြီ။

မဖြစ်သေးပါဘူး။ အိမ်ပြန်ခိုင်းဦးမှာပါ။ သူ့မိဘတွေက သူ့ကို လွမ်းနေရှာပြီ။

F R I E N D Z O N E💩Where stories live. Discover now