part11😇

1.4K 193 48
                                        

"ဆယ်ဟွန်းနီး ဒီမှာ လာထိုင်"

ရေချိုးပြီးခါဝ ညဝတ်အင်္ကျီ လေးနှင့် အပြင်ထွက်လာတဲ့ ဆယ်ဟွန်းကို ချန်းယောလ် ဘေး လက်ပုတ်ပြကာ ထိုင်ခိုင်းလိုက်သည်။

ချန်းယောလ် ညွှန်ပြတဲ့နေရာကို ဆယ်ဟွန်း ဝင်ထိုင်ပြီးတာနှင့်

"ဘာ...ဘာလုပ်တာလဲ"

"TVကြည့်ရတာ ဇာတ်ညောင်းလာလို့"

"ညောင်းရင် ခေါင်းဦးသွားယူလေ ငါ့ပေါင်က ခေါင်းဦးမဟုတ်ဘူး"

"မင်းပေါင်က ငါ့ရဲ့ ခေါင်းဦးပဲ "

ချန်းယောလ်ရဲ့ ဂျစ်ကန်ကန် စကားတွေကို လက်မြှောက် အရှုံးပေးသလိုနှင့် ဘာမှမပြောတော့ ဖန်သားပြင်ကို အာရုံစိုက်သွားတော့သည်။

ဆယ်ဟွန်းလက်ကို ဆွဲယူက လက်ချောင်းချင်း ယှက်လိုက်ပြီး ဆုပ်ကိုင် ထားလိုက်သည်။

"ဆယ်ဟွန်းနီး"

"ဟင် "

ချန်းယောလ် ထင်တာ ဆယ်ဟွန်းက TVကို စိတ်ဝင်တစ်စားကြည့်နေတာလို့။ တကယ်က ငိုက်နေတာပဲ။

အိပ်ချင်းမူးတူးလေးနဲ့လဲ မင်းအရမ်းချစ်ဖို့ကောင်းတယ် ဆယ်ဟွန်း။

"အိပ်ချင်နေပြီလား"

"ဟင့်အင် ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းနေတာ"

ဒီလိုလဲ လိမ်တတ်သေးတာ။ သူ့ image ကို အပျက်မခံနိုင်တဲ့ လူစား လေး။

ဆယ်ဟွန်းက TVကို ကြည့်နေဟန်ပြနေပေမဲ့ ချန်းယောလ်ကတော့ ဆယ်ဟွန်းကိုပဲ မော့ကြည့်နေလိုက်သည်။

တစ်ဖြေးဖြေး ငုံကျရင်း ငုံကျလာတဲ့ ဆယ်ဟွန်းမျက်နာ။ အိပ်ချင်နေတာကို ဆက်ကြည့်နေတော့ ငိုက်နေပြ်ီလေ။

ချန်းယောလ်လဲ ငိုက်နေတဲ့ ကောင်လေးမျက်နာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

ဆယ်ဟွန်းနီးလေး မင်းခါးညောင်းနေမယ်ဆိုတာ သိပါတယ် ။ ခဏသည်းခံနော်။ ငါမင်းမျက်နာကို အကြာကြီး စိုက်ကြည့်ရတဲ့ အခွင့်အရေးလေးကို လက်မလွှတ်ချင်လို့။

ချန်းယောလ် စိုက်ကြည့်နေရင်းမှာပဲ ဆယ်ဟွန်းနှုတ်ခမ်းတွေက ချန်းယောလ် နှုတ်ခမ်းပေါ်သို့ ကျရောက်လာခဲ့သည်။

F R I E N D Z O N E💩Where stories live. Discover now