Part-1

21.4K 857 23
                                    

ဂျိုဆွန်းပြည်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ နန်းတော်အိမ်ရာထဲမှာ ရှင်ယန်းပြည်ကိုစစ်ရေးအောင်လို့ အောင်ပွဲခံအခမ်းအနားကျင်းပနေလေသည်။

'အရှင်မင်းကြီး…တစ်ဖက်တိုင်းပြည်က အရိုင်းအစိုင်းရှင်ယန်းဘုရင်ရဲ့ သမီးတော်ကို တော်ကောက်ဖို့ရာ သင့်မြတ်ခြင်းမရှိလှကြောင်းပါ ဘုရား'

မင်းတိုင်ပင်ခံ ရဲ့ စကားကိုဟာသတစ်ခုသဖွယ်သဘောထားကာ မင်းကြီး Kim Lee Seok တစ်ယောက် ခနဲ့စွာနဲ့ တစ်ချက်ရီလိုက်သည်။

'အဟက်'

သေရည်ကြောင့်ရီဝေနေတဲ့မျက်လုံးကျဉ်းတွေကို လက်ဖမိုးဖြင့်ပွတ်ကာ သူ့ဘေးမှ ကုန်းကုန်းအား တစ်ချက်လှမ်းရှု ရင်း

'အရိုင်းအစိုင်းမင်းရဲ့ သမီးတော်တွေက သိပ်လှသတဲ့ ။ငါကိုယ်တော်က အချောဆုံးဆိုတဲ့ သမီးတော်ကို ဆက်သဖို့ မိန့်တော်မူထားတဲ့ ငါကိုယ်တော်မှားသလားမောင်မင်း။ ငါသူတို့ဆီက စစ်နိုင်လို့တိုင်းပြည်အတွက်လိုအပ်တဲ့ ရွှေတုံးရွှေခဲတွေရော စားနပ်ရိက္ခာတွေရော ဆက်သဖို့ မိန့်ပြီးပြီဘဲ။ငါ့အတွက် ကိုယ်လုပ်တော်တစ်ယောက်လောက်တောင်းတာမှားလို့လား မောင်မင်း'

'မမှားပါဘူး အရှင်'

ဘေးမှ ကုန်းကုန်းက ကပျာကယာ ဝင်၍ဖြေသည်။အကယ်၍ ယခုအချိန်မှာသာ မင်းနှင့်ဆန့်ကျင်ကာ လျှောက်လဲမည်ဆိုပါက ဘုရင့်အမျက်တော်ရှကာ သေဒဏ်ပင်ပေးခံရနိုင်ဖွယ်ရှိသည်။

မင်းကြီးKimက သာမန်အချိန်များမှာဆို သဘောကောင်း ပြီး သူတစ်ပါးအပေါ်ကရုဏာထားတတ်ပေမယ့် သူ့ကို မငြင်းဆန်ရမည့် အချိန်သုံးချိန်ရှိသည်။
အဲ့ဒီသုံးချိန်က…
1.သေရည်သောက်ထားချိန်
2.ဒေါသထွက်နေချိန်
3.ညဘက် လိင်ဆက်ဆံချိန်………

×××××××××××××××××××××××××××

ဝေါယျာဉ်လှလှလေးထက်မှာ ကြုံ့ ကြုံ့ လေးထိုင်နေရသည့်အတွက် Lee Yun Ji အဖို့ အနေကြင်းကြပ်လှသည်။
ထို့အပြင် အလုံပိတ်ဝေါယျာဉ်ပေါ်တွင် အသက်ရှူကြပ်၍ တံခါးပေါက်ဖွင့်သောအခါလာလာပိတ်သော  မောင်းမတစ်ယောက်ကြောင့်လည်း ပို၍စိတ်ဆင်းရဲရသည်။
အမှန်ဆို သူ ဒီမိန်းမအဝတ်အစားတွေဝတ်လာရခြင်းကပင် သူ့ ဝဋ်ကမသေးကြောင်းသူသိပြီးပြီဖြစ်သည်။
နေ့တိုင်း ဒီလိုပူလောင်အိုက်စပ်လှတဲ့ အဝတ်အစားတွေကို ဝတ်ရတဲ့ ဂျိုဆွန်းပြည်က မိန်းမတွေကိုတော့ သူအရမ်းအံ့သြမိသည်လေ။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now