Part-14

7.2K 415 8
                                    

Yunji လန့်ဖြန့်ကာ မျက်လုံးပင် ပြူးသွားရလေသည်…။

အော်…ဒီကလေးနှယ် မပြောမဆိုနဲ့ ခက်ပါဘိ……။

~~~~~~~~~~~~~~~~~~~~~~~~~~~~

'ဒီနေ့ မြို့ထဲမှာ မီးပုံးလွှတ်ပွဲရှိတယ်…ငါနဲ့ သွားကြည့်ကြမလား…Yunji'

မင်းကြီးက ပြုံးရင်း ပြောလာတာမို့

'နန်းတော်ထဲက အပြင်ကို ဘယ်လိုလုပ်ထွက်လို့ရမှာလဲ…အရှင်'

'မင်းလိုက်မယ်သာပြောလိုက် ငါအကုန်စီစဉ်ထားပြီးသား…'

မပြောဘဲသိနေတာဘဲ …အရှင်ရယ်

ကျွန်တော်ချစ်တဲ့အရှင့်ရဲ့ စကားကို ကျွန်တော်ဘယ်လို ငြင်းရက်လေမလဲ

ကျွန်တော်ချစ်တဲ့ အရှင်သာ ပျော်မယ်ဆို
ကျွန်တော် ဘယ်စိတ်နဲ့များငြင်းရက်နိုင်ပါမည်လဲ…

အိုချစ်သောအရှင်ရယ်……

သူ မင်းကြီးရဲ့ စကားကို ခေါင်းငြိမ့်လက်ခံလိုက်တာမို့

အရှင်က ပါးစပ်လေးအုပ်ရင်း ချောင်းတစ်ချက်ဟန့်လိုက်ကာ

'အဟင့်…မင်းရဲ့မောင်းမလေးကိုပါခေါ်လာခဲ့'

သူ့ အချစ်ဆုံး သူငယ်ချင်း နှာဘူးကြီး …အယ်…ဟုတ်ပါဘူး စစ်သူကြီးက တောင်းဆိုလာတော့လည်း သူက ခွင့်ပြုလိုက်ရသည်ဘဲ…။

'ဟုတ်ကဲ့…ဒါနဲ့ အရှင်…သူ့ကိုဘာလို့…'

'သူ့ကိုစစ်သူကြီးနဲ့ လွှတ်ပေးထားမလို့…'

ကုသိုလ်လဲရ…ဝမ်းလဲဝပေါ့ …ဟဲဟဲ

××××××××××××××××××××××××××××

မင်းကြီး နှင့် Yunji ဂျိုဆွန်းမြို့က သခင်လေးတွေဝတ်တဲ့ အင်္ကျီတွေဝတ်ထားသည်…

အရင်က…အရှင်သည် ရှင်ဘုရင်အဝတ်အစားတွေနဲ့ရုပ်ရင့်နေခဲ့ရာမှ

အခုတော့…သာမန်အဝတ်အစားဖြင့် လူငယ်လေးသယောင်…

Yunji ကလည်း ချစ်စရာကောင်းတဲ့ သခင်လေးတစ်ယောက်တစ်ဖွယ်…

နှစ်ယောက်စလုံး နှင်းဆီပန်း ပုံနီရဲစွာပါတဲ့ အပြာရောင် ယပ်တောင်လေး ဆင်တူကိုင်ကာ…

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now