Part-8

9.3K 520 28
                                    

ရုတ်တရက် မေးခွန်းထမေးလိုက်သော မင်းကြီး၏ညီတော် Kim Lee Hyung…

သူ့စကားကြောင့် Yunji မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားရလေသည်။ ချွေးတွေကလည်း နှစ်ဆ ပြန်လာသည်။ထို့နောက် အထစ်ထစ် အငေါ့ငေါ့ဖြင့်ပင်…

'မ…မတွေ့ဖူးပါဘူး အိမ်ရှေ့စံ…လ…လူမှားနေတာဖြစ်မှာပါ။'

'ညီတော်… lee မိဖုရားငယ်က နေမကောင်းဘူးလေကွာ မေးခွန်းတွေလျှောက်မေးမနေနဲ့'

'အင်းလေ…ကျွန်တော်လူမှားတာဖြစ်မှာပါ ဒါပေမယ့် မိဖုရားက ကျွန်တော် ရင်းရင်းနှီးနှီးသိနေတဲ့ လူတစ်ယောက်နဲ့ တူနေလို့ …တောင်းပန်ပါတယ် သွားနားလို့ရပါပြီ။'

အိမ်ရှေ့စံက သူ့ရဲ့ နီရဲလှတဲ့ နှုတ်ခမ်းပါးလေးနဲ့ ပြုံးရင်းပြောလိုက်သည်။

သို့သော်…သူ့စိတ်ထဲတွင်တော့ မဝေခွဲတတ်…

ဘာလို့ဆို မိဖုရားငယ် သည် သူ တစ်ဖတ်သတ် ချစ်ခဲ့ရသော …သူ့ သူငယ်ချင်း… ရှင်ယန်းမင်းသား နှင့် တူနေသောကြောင့်ပင်…။

××××××××××××××××××××××××××××

'ဒါဆို အိမ်ရှေ့စံ မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ …မင်းသမီးရှင့်'

အခန်းထဲ ပြန်ရောက်တော့  Seung Ra ကို အကြောင်းစုံ ရှင်းပြမိသောကြောင့် ရလိုက်တော့ တုံ့ပြန်မှု ဖြစ်သည်။

'ငါလည်း ဘယ်တတ်နိုင်ပါ့မလဲ…မှတ်မိသွားရင်လည်း သူက ငါ့ အချစ်ဆုံးသူငယ်ချင်းဆိုတော့ ဘာမှတော့မလုပ်လောက်ပါဘူး…ဒါပေမယ့်လည်း …လုံးဝပေးသိလို့မဖြစ်ဘူး…ပိပိရိရိနေ…ကြားလား'

'ဟုတ်ကဲ့'

SeungRa ကလည်း စိုးရိမ်တကြီးနှင့်ပင် ပြန်ဖြေလိုက်သည်။

'ဒါပေမယ့် ငါ့နာမည် အရင်းကလည်း Lee Yun ji ဘဲလေ…'

Yunji က မျက်လုံးပြူးကာ ပြန်ပြောလိုက်သည်။

SeungRa ကလည်း မျှော်လင့်ချက် ပျောက်ဆုံးသွားသူအလား…

'နောင်ခါလာ နောင်ခါဈေးပေါ့ မယ်မယ်ရယ်…မီးစင်ကြည့်ကကြတာပေါ့'

Yunji က Seung Raကို တည်ငြိမ်စွာ ကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်သည်။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now