Part-18

6K 315 7
                                    

'မင်းကြီးဘယ်တွေသွားနေတာလဲ ခင်ဗျ…မင်းသမီးလေး အရမ်းနေမကောင်းဖြစ်နေတယ်…'

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းလိုက်တဲ့ ကုန်းကုန်းရဲ့စကားကြောင့် အပြင်က ပြန်လာတဲ့ မင်းကြီးရော Yunji ပါ စိုးရိမ်သွားရသည်။

ထို့ကြောင့် မင်းသမီးလေး Nammi ၏ အဆောင်သို့ စိုးရိမ်တကြီး သွားမိကြ၏။

အဆောင်ထဲဝင်လိုက်တော့ သူ့တို့ကို လှည့်ကြည့်လာတဲ့ မယ်တော်ကြီး  မိဖုရားကြီး နဲ့အိမ်ရှေ့စံ…သူတို့သုံးယောက်…

Nammi ကတော့ အိပ်ရာတော်ထက် မျက်လုံးရယ်မှေးစင်းကာ စက်တော်ခေါ်နေသည်…။

မယ်တော်ကြီးက Nammi ၏ ဖြူနုနုလက်ကလေးကို ဆုတ်ကိုင်လျက်…

မင်းကြီးက မယ်တော်ကြီး၏ ဘေးနား ထိုင်ချလိုက်ကာ နှမတော် မင်းသမီးလေးရဲ့ လည်ပင်းကို စမ်းကြည့်လိုက်သည်။

ထို့နောက် …မင်းကြီးက

'တော်တော်ပူနေတာဘဲ နေမကောင်းတာ ဘယ်လောက်ကြာပြီလဲ?'

'မနေ့ညကတည်းက အခုထိအဖျားမကျသေးဘူး သမားတော်တွေကတော့ အခြေအနေ စောင့်ကြည့်နေတာဘဲ…'

မယ်တော်ကြီးက ဖြေပြီးတဲ့နောက် မိဖုရားကြီးက

'မိုးရေထဲ တစ်ညလုံးနေလို့ ထင်တယ်…မိုးမိတာနေမှာ'

ထိုသို့ဆိုသည်။

'ကျွန်မတစ်ချက်လောက်ကြည့်လို့ရမလား'

Yunji ဝင်ပြောလေတော့…

'အို…အရိုင်းအစိုင်းမကများ…'

'ရတယ်…ကြည့်ပါ…'

မိဖုရားကြီးရဲ့စကားကို မင်းကြီးက ဝင်ထောက်လိုက်တော့ မိဖုရားကြီး စိတ်ထဲ မြက်ကနဲ ဖြစ်သွားသည်။

Yunji က Nammi ၏ လည်ပင်းလေးကို လက်ခုံလေးဖြင့် စမ်းကြည့်သည်…။

ထို့နောက် ခြေဖဝါးလေးကို စမ်းကြည့်လိုက်သည်။

Nammi ကိုကြည့်ရင်း Yunji သူ့ငယ်ဘဝ ကို ပြန်ပြောင်းအမှတ်ရမိသည်…

»……………………………………………»

တစ်ခါတုန်းကပေါ့…။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now