Part-20

6.2K 291 6
                                    

'ဒါဆို မယ်မယ်​ရဲ့အ​ကြောင်းသိတဲ့လူ ​တော်​​တော်​များ​နေပြီဘဲ ဘယ်​လိုလုပ်​မလဲ မယ်​မယ်​'

အ​ဆောင်​ထဲမှSeung Ra ရဲ့အသံကို ရုတ်​တရက်​ကြားလိုက်​ရတဲ့ မယ်​မယ်​ Mar San Eun...

ထို့​ကြောင့်​ သူမ တံခါးနားကိုကပ်​ကာ နား​ထောင်​မသည်​...

ဘာ အချက်​အလက်​​တွေများရမလဲ​ပေါ့...

'ဟုတ်​တယ်​ Seung Ra ငါက ​ယောကျာ်း​လေးတစ်​​ယောက်​ဆိုတာကို သိတဲ့လူ​တော်​​တော်​များ​နေပြီ'

ထိုအသံကြား​တော့ မယ်​မယ်​Mar San Eun. ထိတ်​လန့်​သွားရသည်​..

ဘာလို့ဆို ဒီအသံက မိဖုရားငယ်​ ရဲ့ အသံဖြစ်​​နေခြင်း​ကြောင့်​ပင်

'ကျွန်​မတို့​တော့ ဒီထက်​အ​နေအထိုင်​ဆင်​ခြင်​မှရမယ်​..မဟုတ်​ရင်​​တော့ ​သေ​နေ့ကို ချက်​ချင်းဆိုသလို ​ရောက်​သွားနိုင်​တယ်​...'

'ငါလည်း အဲ့တာဘဲ စဉ်းစား​နေတာ...မင်းကြီး​ရော အိမ်​​ရှေ့စံ​ရော စစ်​သူကြီး​ရော မင်းသမီး​လေး​ရော သိသွားပြီ ဒါ​ပေမယ့်​ ငါတို့ အလယ်​​ဆောင်​က လူ​တွေမသိ​အောင်​​တေ့​နေရမယ်​...'

(အလယ်​​ဆောင်​ဆိုသည်​မှာ မိဖုရားကြီးစံမြန်းရာ အ​ဆောင်​ပင်​ဖြစ်​သည်​...)

'ဟုတ်​တယ်​ မယ်​မယ်​ မိဖုရားကြီးသာသိသွားရင်​ တကယ်​မလွယ်​ဘူး သူသာသိရင်​ တစ်​နည်းနည်းနဲ့​ကောက်​ကျစ်​​တော့မှာ...'

'​အင်း​လေ ငါတို့ပိရိဖို့​တော့ လိုတယ်​......ဒါနဲ့​လေ Seung Ra. ငါ​ဈေးသွားတုန်းက ဖိနပ်​​လေးတစ်​ရံ နင့်​အတွက်​ဝယ်​လာတယ်​...​ရော့'

'ဟယ်​ လှလိုက်​တာ မယ်​မယ်​ရယ်​...​ကျေးဇူးတင်​ပါတယ်​.....'

အို....သူ ဒီစကား​တွေကို မိဖုရားကြီးကို သွား​ပြောရမယ်​  ... ​တွေ့ကြပြီ​ပေါ့ မိဖုရားငယ်​.. နင်​က ငါပိုက်​ဆံရ​အောင်​ လုပ်​​ပေးဖို့ ​မွေးဖွားလာတာဘဲ....

💙💙💙💙💙💙💙💙💙💙💙💙💙

သာယာတဲ့ ည​နေခင်း​လေးပင်​ဖြစ်​သည်

နေမင်းကြီးက​တော့ နန်း​တော်​​​နောက်​ ​တောင်​ကုန်း​တွေကြားမှာ ပြန်​ထွက်​ဖို့ရာ ဆိုင်းပြင်း​နေသည်​...

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now