Part-16

6.4K 357 13
                                    

ကောင်းကင်ပေါ်ပျံတက်သွားတဲ့ မီးပုံလေးကိုကြည့်ရင်း သူတို့နှစ်ယောက် ပီတိဖြစ်ကာ ပြုံးမိကြသည်…

အထက်ကောင်းကင်ယံမှာတော့ လမင်းကြီးနဲ့ အပြိုင် ရာနဲ့ ချီတဲ့ မီးပုံးတွေက ပျံလို့ ဝဲလို့…

ကြယ်တွေကလည်း စုံလင်နေတော့ ထက်ကောင်းကင်ယံက လှချင်တိုင်းလှကာ အသရေဝေဖြာနေပုံနှယ်……

မီးပုံလေးတွေ ပျောက်ကွယ်သွားသည့်တိုင် မင်းကြီးနဲ့ Yunji ကောင်းကင်ကြီးကို တစ်ဝကြီးမော့ကာကြည့်မိကြသည်။

ဒီလိုလှပတဲ့မြင်ကွင်းမျိုးကို သူတို့ နောက်တစ်ကြိမ် ကြည့်ခွင့်ရှိပါဦးမလား……

မရှိရင်တော့ ဒီအချိန်လေးကို ရပ်တန့်ခွင့်ပေးသနားဖို့ ဘုရားသခင်ထံ တောင်းဆိုမိလိမ့်ပေမည်…။

°°°°°*°°°°°*°°°°°°*°°°°°*°°°°°*°°°°°*

မီးပုံးတွေ အကုန်ကုန်သွားပြီမို့ သူတို့နှစ်ယောက် ပွဲဈေးတန်းကို လျှောက်လာခဲ့ကြသည်။

ပွဲဈေးတန်းက မြွေဆရာက ပုလွေမှုတ်တာမို့ မြွေတွေလိုက်ကနေပုံကို လိပ်ပြာလေးက  တအံ့တသြ ကြည့်နေသည်။

ချစ်လိုက်တာ လိပ်ပြာလေးရယ်…
ကိုယ်သာ တော်ဝင်မျိုးနွယ်မဖြစ်ခဲ့ရင် သိပ်ကောင်းမှာ
အနည်းဆုံးတော့ ဒီထက် ပို လွတ်လပ်နိုင်မှာလေ…
ဒါပေမယ့် ကိုယ်ဟာ မင်းကြီးတစ်ယောက်ဖြစ်နေလို့ မင်းနဲ့ ဆုံတွေ့ခွင့် ရသည်ဆိုလျှင်တော့ ကိုယ်နေပျော်ပါတယ်…

ပွဲဈေးတန်းကအပြန်တွင်တော့  ကုန်းမပိုးပေးဖို့ ပြောလာတာမို့ သူ့အလိုသာလိုက်မိ၏။

'ပျော်ရဲ့လားYunji '

ပြုံးရင်းမေးလာတဲ့ မင်းကြီးကို

'ဟုတ်ကဲ့…အရမ်းပျော်ပါတယ် အရှင်'

ဆိုပြီး Yunji က ပြောလိုက်သည်…။

ဒါပေမယ့် အရှင်ရယ်…အရှင်နဲ့သာမဟုတ်ရင် ကျွန်တော် ဒီလောက်ပျော်မိပါ့မလားရယ်…

အပြန်လမ်းက တိတ်ဆိတ်နေခဲ့တယ်။
တောင်ပေါ်က ဆင်းရင်း အတွေးကိုယ်စီနဲ့ပေါ့…

မင်းကြီးရဲ့ ပခုံးပေါ် ကျလာတဲ့ မိုးစက်တွေကြောင့်

'မိုးရွာတော့မယ်ထင်တယ်'

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now