Part -9

8.8K 432 19
                                    

တောင်းပန်ပါတယ်သူငယ်ချင်းရာ…ငါ…ငါတောင်းပန်ပါတယ်…ငါ့ကို ခွင့်မလွှတ်ပါနဲ့…

အခုတော့…ငါ အသက်ဆက်ရှင်ချင်သေးတယ်ကွာ…

××××××××××××××××××××××××××××

Yunji က သူ့ကို Seung Ra ခြယ်သပေးထားတဲ့ မျက်နှာထက်က အပြင်အဆင်ကို ကြည့်ရင်း သူ့ကိုယ်သူတောင် မိန်းကလေးတစ်ယောက်နှင့်မှားနေရလေပြီ…။

SeungRaသည်အပြာနုရောင်ဆေးမှုန့်လေးကိုYunji၏ မျက်ခွံထက်ခြယ်သပေးထားပြီး ပန်းဆီရောင်ရဲရဲလေးကို ပါးပြင်ထက် ခြယ်သပေးထားသည်။ ဆံထုံးကိုလည်း သေသပ်စွာ ထုံးပေးပြီး ရွှေရောင်နှင့် အပြာရောင် ရောစပ်သည့် ဆံထိုးကို ခေါင်းထက်ထိုးပေးလိုက်သည်။

ထို့နောက်

'ပါးစပ်ဟပါမယ်မယ်'

Yunji က ပါးစပ်ကလေး ဟ ပေးလိုက်တော့ ပါးစပ်ထဲကို ကြက်သွေးရောင် လေးထောင့်စက္ကူပြားလေး သွင်းလိုက်သည်။

'ဒီလိုလုပ်ပါ…မယ်မယ်'

Seung Ra က ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ပြလိုက်သည်။

'မွ…မွ…မွ'

Yunji , Seung Ra ပြောသလို လိုက်လုပ်တော့သူ့ရဲ့ နှုတ်ခမ်းမှာ ကြက်သွေးရောင်လေး ပေသွားကာ ကျက်သရေရှိစွာ လှနေသည်။

ခဏနေလျှင် သူ မင်းကြီး၏ အဆောင်ရှေ့ ကို သွားရတော့မည်ဖြစ်သောကြောင့်
နှလုံးခုံသံတို့ကလည်း မြန်ဆန်နေပြီပင်။

'ပြီးပြီ…မယ်မယ်…လှသွားပြီ'

Seung Ra က ပြုံးကာပြောရင်း Yunji ကို တစိမ့်စိမ့်ကြည့်နေမိတော့သည်။

'ကျွန်မသာ မင်းကြီးဆိုလည်း မယ်မယ့်ကို ချစ်မိမှာဘဲ'

Seung Ra ရဲ့ အပြောကြောင့် Yunji ကျေနပ်သွားရသည်။

ခဏနေတော့ Yunji အဆောင်အယောင်တွေခြံရံလျက် မင်းကြီးရဲ့ အဆောင်ရှေ့ကို သွားတွေ့တော့သည်။

××××××××××××××××××××××××××××

အဆောင်ရှေ့ရောက်တော့ သူ့ကို အသင့်စောင့်နေသော မင်းကြီး။

ပြုံးပျော်နေသည်မှာလည်း သွားတက်ကလေးများပေါ်ကာ ကလေးတစ်ယောက်သဖွယ်…။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now