1

6.1K 388 9
                                    

Zawgyi

Give me back my body

"​သေပါပီ ငါအလုပ်​​နောက်​ကျ​တော့မယ်​"

နောက်​ဆုံးကြယ်​သီးကိုတပ်​ပီး​တော့ အိတ်​နက်​ကိုဆွဲကာ
ကပိုကရို​ပြေးရသည်​.....။
ခြံပြင်​​ရောက်​တာနဲ့ တစ်​ဖက်​ခြံကို​ အ​ခြေအ​နေ
လှမ်းကြည့်​ရ​သေးသည်​.....။
လှုပ်​ရှားမှု​တွေက ငြိမ်​သက်​လွန်း​တော့..ရင်​ထဲမှာ
ထိတ်​သွားရသည်​.......။
သူအရင်​သွားပီလား....အ​တွေးနဲ့အတူ....
နှလုံးခုန်​နှုန်းက တရိပ်​ရိပ်​တိုးလာသည်​ မဖြစ်​ဘူး!!..။

အင်း သူအခုထိမနိုး​သေးတာလဲ ဖြစ်​နိုင်​ပါတယ်​..။
အ​တွေးနဲ့အတူ ​ကျေနပ်​ပြုံးကနှုတ်​ခမ်းထက်​မှာ...။
နှစ်​မိနှစ်​မျှ အ​တွေးနဲ့အချိန်​ဖြုန်းပီး​နောက်
ဘတ်​စ်​ဂိတ်​သို့ သုတ်​​ခြေတင်​ရသည်​........။

ထိုအချိန်​မှာပင်​ သူ့လိုကပိုကရို အိမ်​​ပေါ်က
ပြေးဆင်းလာတဲ့ တစ်​​ယောက်​........။
ခပ်​သွက်​သွက်​ ထွက်​သွားတဲ့​နောက်​​ကျောပြင်​ကို
မြင်​ပီး​နောက်​ အကြီးအကျယ်​​သွေးပျက်​သွားသည်​...။
မဖြစ်​ဘူး..!!!!.....။
နှလုံးသားထဲက​အော်​သံနဲ့အတူ စီး​တော်​ယာဉ်​ကားဆီ
ပြေးရင်း လက်​ထဲကရီမုနဲ့တံခါးကိုဖွင့်​ရသည်​.....။

ဘတ်​စ်​ဂိတ်​မှာနာရီတကြည့်​ကြည့်​နဲ့ ​စောင့်​​နေတုန်း
ဟွန်းဆက်​တိုက်​တီးသံ​ကြောင့်​ လှမ်းကြည့်​မိ​တော့...
ဟိုတစ်​​ယောက်​..........။
သူ့ကို​လှောင်​ပြုံးပြုံးရင်း လက်​ခလယ်​မသိမသာ
ထောင်​ပြသွားတာမို့ ​ခြေ​ဆောင့်​ကာမ​ကျေမနပ်​ကျန်​ခဲ့သည်​။
ဒီ​နေ့လဲ ငါ​လေး​တော့သွားပါပီ.......။
အာ့​ကြောင့်​မားကို ဒီကထယ်​ထယ်​​လေးအတွက်​....
ကားဝယ်​​ပေးပါ​ပြောတာအဟင့်​.......။

"အား....ဂျွန်​​ဂျောင်းဂု!!!!!!....."

နောက်​ကခပ်​စူးစူးအသံ​ကြောင့်​ ​ဂျောင်းဂု​ကျေ​ကျေနပ်​နပ်​ကြီး
ပြုံးလိုက်​သည်​.......။

"မင်းကို အလုပ်​မှာ​စောင့်​​နေမယ်​ကြွက်​စုတ်​​ရေ...
good luck........"

ထယ်​​ဟျောင်းဆိုတဲ့ ထိုကြွက်​စုတ်​ကို​ဂျောင်းဂု
တကယ်​ကြည့်​မရပါ...။အင်းအရင်​က​တော့
ချစ်​ဖို့​ကောင်းတယ်​လို့ထင်​ခဲ့ဖူးတာ ဝန်​ခံပါသည်​...။

Give me back my Body(Taekook)Where stories live. Discover now