Zawgyi
Give me back my body
"ဒီမွာခင္မ် ဟိုလေ ကျွန်တော်အခု
အိမ်မက်မက်နေတာလား....""ရှင်....."
မျက်လုံးအစုံပြူးရင်းအာမေဋိတ်စကားလုံးတို့နဲ့
ပစ်ပေါက်လာသည်......။"အား...အိမ်မက်မဟုတ်ဘူးလား..."
ထယ်ဟျောင်းခေါင်းပေါ်ရှိဆံပင်တွေကို ဆွဲရင်း
အော်လိုက်တော့ ဆရာမလေးကကိုယ်အနေအထားကို
အသင့်လုပ်ထားသည်....။
သူ့ပုံစံက စိတ်လွတ်နေတဲ့လူနာကို
အတင်းဖမ်းချုပ်တော့မလိုနဲ့....။"တောင်းပန်ပါတယ် ရုတ်တရက်မို့ပါ ကျွန်တော်နဲ့အတူ
ရောက်လာတဲ့ တောင့်တောင့်ဖြောင့်ဖြောင့်
အဲ ဟုတ်သေးပါဘူး ဖြူဖြူဖွေးဖွေးနဲ့
ခန့်ချောချောကောင်လေး သူသတိရပြီလား
သူအခု ဘယ်မှာလဲမသိဘူး"တာဝန်ကျဆရာမလေးကိုမေးလိုက်ထယ်ဟျောင်း..။
သူ့အမေးကအနည်းငယ်ထူးဆန်းနေလိမ့်မည်.....။
တွေ့လိုက်တာနဲ့ အကြောမတည့်သူတစ်ဦးကိုသူက
ပိုပိုသာသာလေးမြှောက်ပြီး ပြောနေသည်မလား...။
အမှန်တော့ သူကိုယ်တိုင်လဲနားမလည်သေးပါ...။"သူဆေးရုံအောက်ဘက်ကိုထွက်သွားတယ်"
"ကျေးဇူးပါဗျ..."
ဆေးရုံတစ်ပတ်ပတ်ပြီး သက်ကြီးရွယ်အိုတွေအတွက်
လမ်းလျှောက်ရန်လုပ်ထားပေးတဲ့ ဆေးရုံပန်းခြံလမ်း..။
ထိုင်ခုံတစ်ခုပေါ်မှာ ငူငိုင်ငိုင်နဲ့ထိုင်နေတဲ့ ထယ်ဟျောင်းကို
သူတွေ့လိုက်ရသည်......။
ထယ်ဟျောင်းတော့ထယ်ဟျောင်း.....။
သူမဟုတ်တဲ့ ထယ်ဟျောင်း..။ကိုယ့်ကိုယ်ကိုယ်ပြန်
မြင်နေရတာ ကြောင်တောင်တောင်နိုင်လှသည်....။"မင်း ဂျောင်းဂုလား......."
သူ့အမေးကြောင့် မော့ကြည့်လာတဲ့ ကောင်လေးက
ချောလိုက်တာ ဒါငါလေးတဲ့လား........။
မှန်ထဲမှာနဲ့တောင်မတူဘဲ ဘေးကကြည့်ရတာ
ပိုချောနေတာပဲ.....။ခဏ ဒီအရေးမပါသေးတဲ့
အတွေးတွေဘေးထုတ်.......။
YOU ARE READING
Give me back my Body(Taekook)
Fanfiction"အား....ဒါကငါမဟုတ်ဘူး.." Taekook Taekook BTS Fanfiction