6

1.1K 213 56
                                    

Zawgyi

Give me back my body

ဂျောင်းဂု ထယ်​​ဟျောင်းရဲ့​နေရာကို နည်းနည်း​တော့ စာနာနိုင်​လာပြီထင်​သည်​.....။
တစ်​ဖက်​က လုပ်​ငန်းပါတနာ​တွေနဲ့ ဒင်​နာပွဲမှာ အ​ရေးကြီးကိစ္စ​တွေကို ထယ်​​ဟျောင်းမနိုင်​မှာစိုးတာမို့ သူကပါအတွင်း​ရေးမှူးအ​နေနဲ့လိုက်​လာခဲ့ခြင်းဖြစ်​သည်​....။

ဝိုင်​​လေးတစ်​ခွက်​နဲ့ ဂျပန်​မ​လေးနဲ့ ​လေ​ပေး​ဖြောင့်​​နေတဲ့ ထယ်​​ဟျောင်းကသူ့ကိုဂရုပင်​မစိုက်​...။သူ့​ဘေးမှာလဲ ပွတ်​သီးပွတ်​သပ်​လုပ်​​နေတဲ့ ငနဲမ​လေး​..။ဘယ်​လိုမှမခံစားရ​ပေမယ့်​ ဆွဲခွာရင်​လဲ တစ်​ခစ်ခ​စ်​သာရီ​နေတတ်​သည်​..။မူး​နေ​တာက မိန်းက​လေး​တွေမို့သာ ​ယောက်ျား​လေးသာဆို သူ​ရေကန်​ထဲပစ်​ချလိုက်​ပြီ..။

ထယ်​​ဟျောင်းက ဂျပန်​စကားကို​ရေ​ရေလည်​လည်​​ပြော​နေသည်​...။သူကျွမ်းကျင်​ရာမဟုတ်​တာမို့ ​ဂျောင်​ဂု လုံး​စေ့ပတ်​​စေ့နားမလည်​​ပေမယ့်​ မင်းအရမ်းလှတာပဲ ဆိုတဲ့စကားစုကို​တော့ ရှင်းရှင်းလင်းလင်းနားလည်​သည်​...။

သေလိုက်​ပါ​တော့ ကိုယ့်​ခန္ဓာကိုယ်​ကြီးကိုကိုယ်​ သဝန်​တို​နေရတာ ခံစားချက်​ကြီးကဆိုးဝါးလွန်း...။ဘေးက​နေပွတ်​သီးပွတ်​သပ်​လုပ်​​နေတဲ့ က​လေးမရဲ့လက်​က​နေလဲ အဖိုးတန်​ထယ်​​ဟျောင်းပိုင်​ခန္ဓာကိုယ်​​လေးကို ကာကွယ်​ရ​သေးတယ်​..။ဘယ့်​နှယ်​ ​ပေါက်​လွတ်​ပဲစားပါတီလဲမဟုတ်​ဘဲ ဒင်းက ကလပ်​တက်​သလိုမျိုး လျှပ်​စီးလက်​​နေတယ်​။

သူ​တောင်​ မြတ်​နိုးလွန်းလို့ ​ရေချိုးရင်​​တောင်​ မျက်​လုံးမှိတ်​ချိုးတဲ့ဟာကို ဒင်း​လေးကပိုင်​စိုးပိုင်​နင်းနှင့်​..။ပုခုံးက​နေဆွဲ​မြှောက်​ပြီး အ​ဝေးကိုတွန်းထုတ်​ကာ သူထယ်​​ဟျောင်းအနားကိုခပ်​မြန်​မြန်​​လျှောက်​သွားလိုက်​သည်​...။တစ်​နည်း သူ့ခန္ဓာကိုယ်​နှင့်​ထယ်​​ဟျောင်း....။

အခု​တော့ ​ဘေ​ဘေးကိုယ့်​ကိုရစ်​ခဲ့ သဝန်​တိုခဲ့တာ​တွေကို သိလာပြီထင်​ပါတယ်​ အချစ်​က​လေးရယ်​...T.T..။

Give me back my Body(Taekook)Where stories live. Discover now