2

2.3K 319 19
                                    

Zawgyi

Give me back my body

"မား!!!!!..."

"တိတ်​စမ်း ထယ်​​ဟျောင်း နင်​ဘယ်​အချိန်​ထိ
က​လေးလိုလုပ်​​နေမှာလဲ......"

"ဘာပဲဖြစ်​ဖြစ်​ သားသူနဲ့အတူမ​နေနိုင်​ဘူး"

"ထယ်​​ဟျောင်း!!!!!."

မားကဆက်​မ​ပြောဘဲ လက်​ထဲကBlack cardနဲ့
ကောက်​​ပေါက်​တာမို့ ထယ်​​ဟျောင်းလဲအနာခံကာ
အ​ပေါက်​ခံပီး BCကြီးကိုအပိုင်​စီးလိုက်​သည်​...။

"ပြန်​​ပေးစမ်း...."

"မ​ပေးပါဘူး ​ပေးစရာလား မားမလိုချင်​လို့
သားကိုပစ်​​ပေးပီးမှ ပြန်​မ​တောင်းနဲ့...."

မားကဇက်​ပိုးကို လက်​နဲ့ဖိရင်းထိုင်​ခုံ​ပေါ်
ထိုင်​ချသည်​.....။

"သွားအထုတ်​ပြင်​ပီး ​ဂျောင်​ဂု​လေးရဲ့
တိုက်​ခန်းကို​ပြောင်း​နေ......"

"မ​နေပါဘူးဆို မ​နေဘူးလို့မ​နေဘူး.."

ဂျွန်​​ဂျောင်​ဂု အိမ်​ရှိရက်​နဲ့ သက်​သက်​ကို
တိုက်​ခန်းဝယ်​တာ....။အဲ့​လောက်​အား​နေရင်​လဲ..။

"​နောက်​တစ်​ပတ်​ဆိုရင်​ပဲ လက်​ထပ်​ရ​တော့မှာကို"

"သား အဲ့​ကောင်​ကိုမယူဘူး​နော်​....."

"ငါတို့သ​ဘောမတူပါဘူးဆိုတုန်းက​တော့
မရရင်​​သေ​တော့မလိုနဲ့ ဖြစ်​ပျက်​​နေကြတာ
နင်​တို့ပဲ​လေ အခုမှငါတို့မျက်​နှာပျက်​​အောင်​မလုပ်​နဲ့"

ထယ်​​ဟျောင်း Black Cardကိုလုံလုံခြုံခြုံဖြစ်​​အောင်
အရင်​သိမ်းလိုက်​သည်​.......။ပီးမှ မားနဲ့​အော်​ရင်း
လည်​​ချောင်းနာလာတာကို သက်​သာလာ​စေရန်
ရေကိုတဂွပ်​ဂွပ်​​သောက်​လိုက်​သည်​......။

"အဲ့တာအရင်​တုန်းက သားတို့်ပြတ်​တာ
တစ်​ပတ်​​ကျော်​သွားပီလို့ ပြတ်​ပါပီဆိုမှ
မားက အဲ့အကျင့်​မ​ကောင်းတဲ့​ကောင်​ရဲ့
ကုမ္ပဏီမှာသားကို အလုပ်​သင်​ထည့်​​သေးတယ်
အခု တစ်​ပတ်​လုံးလုံး သားဘယ်​လိုနှိပ်​စက်​ခံ​နေရလဲ
မားမသိဘဲနဲ့ အုန်းသီး​ကောင်​ကအကျင့်
လုံးဝမ​ကောင်းဘူး မားမသိဘဲနဲ့..."

Give me back my Body(Taekook)Место, где живут истории. Откройте их для себя