8

1.5K 232 74
                                    

Zawgyi

Give me back my body

ထယ်​​ဟျောင်း​ဂျောင်​ဂုကို နာနာ​လေးတွန်းထုတ်​လိုက်​တယ်​...။

"ထယ်​​ဟျောင်း!!..."

အ​နောက်​ကိုအနည်းငယ်​ယိုင်​နဲ့သွားတဲ့ ​ဂျောင်​ဂုကထယ်​​ဟျောင်းကို အံ့သြစွာကြည့်​​နေတယ်​...။
မျက်​နှာထား​တွေခက်​ထန်​​နေတဲ့ထယ်​​ဟျောင်းက အရမ်း​ဒေါသထွက်​​နေသလိုပဲ...။

"ငါ ဒါကြီးကိုဆက်​မလုပ်​နိုင်​​တော့ဘူး​ဂျောင်​ဂု...
မားကိုအမှန်​အတိုင်း ဝန်​ခံပြီး အမှန်​တရားကို
လက်​ခံလိုက်​​တော့မယ်​ အ​ဖြေကိုလဲဆက်​မရှာချင်​​တော့ဘူး
တကယ်​လို့ ငါတို့​တွေပုံမှန်​အတိုင်း ပြန်​မဖြစ်​နိုင်​ရင်​လည်း
ငါဒီအတိုင်း​ပဲ​နေလိုက်​​တော့မယ်​..."

"ထယ်​​ဟျောင်း!!!!.."

ဂျောင်​ဂု​ထယ်​​ဟျောင်းရဲ့ပုခုံး​တွေကိုဆွဲခါလိုက်​တယ်​...။

"ငါနှင့်​​နေရမှာ အဲ့​လောက်​​တောင်​မုန်းလား..
ငါမင်းနှင့်​ပြန်​အဆင်​​ပြေဖို့ကြိုးစား​နေတာ ငါမင်းအ​ပေါ်
ဆက်​ဆံ​နေတာက ဘယ်​ကိုတာသွား​နေတာလဲဆိုတာ
မင်း မသိဘဲ​တော့မ​နေပါဘူး မင်းကဘာလို့ဒီ​လောက်
ခါးခါးသီးသီးငြင်းဆန်​ချင်​​နေတာလဲ......."

ထယ်​​ဟျောင်းခဏ​တော့ဆွံ့အသွားတယ်​.....။
သူ့အ​ပေါ် အရင်​လိုအနိုင်​မယူဘဲ အ​လျော့​ပေး​နေတာသိ​ပေမယ့်​ အခုလိုသ​ဘောထားတယ်​လို့​တော့ တကယ်​မသိခဲ့ဘူး...။

"ဘာပဲဖြစ်​ဖြစ်​ မင်းမိဘ​တွေကလဲ ငါ့ကိုသ​ဘောကျတာမှ
မဟုတ်​တာဘဲ ငါမင်းရဲ့အ​ဖေကို​ပြောလိုက်​မှာမို့....."

"​တော်​​တော့ ကင်​ထယ်​​ဟျောင်းမင်းရဲ့
အ​ကြောင်းပြချက်​က အမြဲ 'မင်းမိဘ​တွေငါ့ကို
သ​ဘောမကျဘူး'ဆိုတဲ့စကားပဲ...
ငါ့မိဘ​တွေမင်းကိုဘယ်​​လောက်​ချစ်​လည်း မင်းအသိဆုံး
မင်းနှင့်​ငါ့အ​ကြောင်းသိတဲ့အချိန်​​လေးပဲ
မင်းကိုသူတို့သားရဲ့ ချစ်​သူအ​နေနှင့်​ ချက်​ချင်း
လက်​မခံနိုင်​​သေးတာပဲ ရှိ​ခဲ့တာ အခုဆို မင်းကို
Appa​ရော Omma​ရော ဘယ်​​လောက်​ချစ်​လဲ
မင်းအသိဆုံးပဲ......."

Give me back my Body(Taekook)Where stories live. Discover now