7

939 173 30
                                    

Zawgyi

Give me back my body

ထယ်​​ဟျောင်း ဆံပင်​​လေးတစ်​ချက်​သပ်​ပြီး ကုမ္ပဏီထဲဝင်​လိုက်​တယ်​....။လက်​ကိုပင့်​ပြီးနာရီကို ကြည့်​လိုက်​​တော့ ၉နာရီတဲ့...။
အ​တော်​ကြီး​နောက်​ကျမှ ရုံးလာတဲ့သူ​ဌေး​ကြောင့်​ ဝန်​ထမ်း​တွေတီးတိုး​ပြော​နေပြီ...။

အဲလိုမကြည့်​ကြစမ်းပါနှင့်​ မင်းတို့ရဲ့ ညို​နေတဲ့ပန်​ဒါမျက်​ကွင်း​တွေက ငါ့ကိုအိမ်​​ရေးပျက်​​စေတယ်​...။
အိမ်​မက်​ဆိုး​တွေကို မျက်​နှာဆိုး​တွေမြင်​ပြီး မက်​​နေရတာကမသက်​သာဘူး....။

"ဂျွန်​​ဂျောင်​!..မှားလို့ ကင်​ထယ်​​ဟျောင်း​ရောက်​လာရင်
ငါ့ရုံးခန်းထဲ လွှတ်​လိုက်​ ဒီလိုစည်းကမ်းပျက်​တာကို
လုံးဝလက်​မခံနိုင်​ဘူး....အဟင်း..ဟင်း..."

လူယုတ်​မာ​လေးလို ရီပြီးထယ်​​ဟျောင်းဝင်​လာခဲ့တယ်​..။
workoutလုပ်​​နေတဲ့ ​ဂျောင်​ဂုသတိမထားမိခင်​ ကားဘီး​ဖောက်​ပြီးလစ်​လာလို့ ဟိုတစ်​​ယောက်​​နောက်​ကျမှာကျိန်း​သေပဲ....။

သူက​တော့ ​ဂျောင်​ဂုကိုတမင်​အချိန်​ဆွဲပြီး ​ရုံး​နောက်​ကျမှသွားမယ်​လို့​ပြောလိုက်​တယ်​....။
ဂျွန်​​ဂျောင်​ဂုတို့က​တော့ ငတုံး​ခေါ်လဲကြိုက်​မှာမဟုတ်​ဘူး သူ့ကိုယုံပြီး​အေး​ဆေး​နေလိုက်​တာများ အဟင်း ဟင်း ကင်​ထယ်​တို့ရဲ့ golden revenge days​တွေ​ရောက်​လာပြီ။

ဂျောင်းဂု သူ့ကိုအကွက်​ကျကျယုတ်​မာသွားတဲ့ ထယ်​​ဟျောင်း​ကြောင့်​ ကုမ္ပဏီကိုအမြန်​​ပြေးလာရတာ ကြယ်​သီး​ပေါက်​​တောင်​မမှန်​....။

"ထယ်​​ဟျောင်း CEOက သူ့ရုံးခန်းထဲ
လာခဲ့ပါတဲ့ ...ဟယ်​......"

မျက်​နှာ​လေးနီရဲရဲ​နှင့်​အခြားတစ်​ဖက်​ကို လှည့်​သွားတဲ့ လာ​ပြောတဲ့မိန်းက​လေး....။
သူ့ကို​ဂျောင်​ဂုသိတာ​ပေါ့...။

Marketing ဌာနက အ​ချောဆုံးဆိုပြီးနာမည်​ကြီး​နေတဲ့ လီဆိုရာ...။
ပြီး​တော့ အမြဲထယ်​​ဟျောင်းနှင့်​တပူးတွဲတွဲ...။

ဂျောင်​ဂု​ခေါင်းတစ်​ချက်​သာညိမ့်​ပြပြီး ရုံးခန်းဘက်​ထွက်​လာခဲ့တယ်​....။
ဆိုရာ သူမကိုဘာမှ​ပြောမသွားတဲ့ ထယ်​​ဟျောင်း​ကြောင့်​ မျက်​​တောင်​​လေးပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ရင်း ကျန်​ခဲ့တယ်​...။

Give me back my Body(Taekook)Where stories live. Discover now