4

2K 291 24
                                    

Zawgyi

Give me back my body

အဲ့​လောက်​လဲချစ်​စရာမ​ကောင်းပါဘူး ။
သူ့​ရှေ့က​ကောင်​မ​လေးကို လက်​ပိုက်​ထားရင်း
ခပ်​​ချေ​ချေကြည့်​​ပေးလိုက်​သည်​ ။
Blind dateတဲ့ ကုမ္ပဏီက ​ဂေါ်မစွံ​တွေစုပီး
တွေ့ကြတဲ့ group blind date ။
ရှေးကျလိုက်​တာ ဒါမျိုး​တွေလုပ်​တာက
သူ့စတိုင်​မဟုတ်​တာမို့ ​ဂျောင်း​ဂုအ​နေကြပ်​သည်​ ။

"ဟဲ့ နင်​​ပြော​တော့ သူကသ​ဘော​ကောင်းတယ်​ဆို"

သူ့ပါတနာ ​ကောင်​မ​လေးက ​ဘေးကသူငယ်​ချင်းကို
ခပ်​တိုးတိုး ကပ်​​မေးတဲ့စကားကို နားပါးတဲ့​ဂျောင်းဂု
ကြားဖြစ်​​အောင်​ ကြားလိုက်​ပါသည်​ ။

"​အေး​လေဟာ ​ချောလဲ​ချောတယ်​ "

"ဒါ​ပေမယ့်​ ငါ့ကိုဝါးစား​တော့မလိုကြည့်​​နေတယ်​"

"စိတ်​​အေး​အေးထားစမ်းပါ "

ခပ်​တိုးတိုးကပ်​​ပြော​နေကြရင်းက သူကြည့်​​နေတာ
သိ​တော့ သွား​လေးကိုယ်​စီဖြီးပြလာသည်​ ။

"အစ်​ကိုထယ်​​ဟျောင်း ဒါညီမ​ပြောတဲ့
ညီမသူငယ်​ချင်း​လေ သူက​ကျောင်းမှာ​တော့
နာမည်​ကြီးပဲ ညီမ​ခေါ်လို့လိုက်​လာတာ"

ထို​ကောင်​မ​လေးလား ချစ်​ဖို့​ကောင်းပါသည်​ ။
ဒါ​ပေမယ့်​ ခက်​​နေသည်​က သူက​ဂျောင်းဂု
ဖြစ်​​နေခြင်းပင်​ ဘယ်​လို​ပြောရမလဲ ရင်ထဲမ​တိုးဘူး ။

"​တွေ့ရတာဝမ်းသာပါတယ်​ "

"ဟုတ်​ ​တွေ့ရတာဝမ်းသာပါတယ်​ "

"တစ်​ခုခု ​ပြောချင်​တာ ​ပြောစရာရှိလား "

"ရှင်​ "

"မရှိရင်​ ခွင့်​ပြုပါအုံးဗျ ကျ​တော်​က
အားယား​နေတဲ့လူမဟုတ်​လို့ "

"ဟာ ​ဟေ့​ကောင်​ ထယ်​​ဟျောင်း ဘယ်​သွားတာလဲ
ဟေ့​ကောင်​ သူဘာထ​ဖောက်​တာလဲဟ
ဟို​နေ့က​တောင်​ ဒီကိစ္စ​ကြောင့်​တက်​ကြွ​နေတာကို"

နားမလည်​ခြင်းများနဲ့ကျန်​ခဲ့သူလူတစ်​စု ။
ဂျောင်းဂုသူကိုယ်​တိုင်​​တောင်​ ဘာဖြစ်​​နေမှန်း မသိပါ ။
ကုမ္ပဏီကိုပြန်​​ရောက်​​တော့ အကျင့်​အတိုင်း
သူ့ရုံးခန်းရှိရာ ​ခြေလှမ်းမိသည်​......။
အခန်းတံခါးဖွင့်​မိပီးမှ လူကမှားပီဆိုတာသိလိုက်​ရသည်​။
ပါး ကြီးဟ....။ပါး​ရှေ့မှာ​တော့ ထယ်​​ဟျောင်းတစ်​​ယောက်
ကုပ်​ကုပ်​​လေးထိုင်​​နေရှာသည်​.....။

Give me back my Body(Taekook)Unde poveștirile trăiesc. Descoperă acum