1

16.4K 952 150
                                    

Zawgyi>>>

အစိမ်းနုရောင်ရှိသော ခြံတံခါးလေးအား
နှင်းဆီခင်းတို့က ဝန်းရံထား၏…

အခြားအခြားသော သစ်ပင်လေးတွေကြားမှာလဲ ပန်းခင်းတို့က စိတ်ကြည်နူးဖွယ်တည်ရှိနေလေသည်…

ထိုခြံဝန်းလေးထဲသို့ ဝင်လာသော အဖြူရောင်ကားလေးတစ်စီး…
အရှိန်လဲမမြန် နှေးလဲမနှေးဘဲ ခပ်အေးအေးသာဝင်လာသည့်ထိုကားလေးပေါ်မှ ဆင်းသက်လာသော လူငယ်တစ်ဦးသည်လဲ အလွန်သွက်လက် ပေါ့ပါးနေသည့်အလား

Baekhyun မိမိနေရမည့် အိမ်လေးကို လက်ပိုက်ကြည့်နေမိရင်း တခုတ်တရပြုံးမိ၏…

ခြံလေးကမဆိုးဘူး လှလဲလှတယ် ပတ်ဝန်းကျင်ကလဲ လေကောင်းလေသန့်ရသည့်အပြင် တိတ်ဆိတ်တာမို့ သူ့လို အနေအေးတဲ့လူအတွက်က အစစအရာရာ အဆင်ပြေစေပါသည်

သို့သော် ဤအိမ်သည် သရဲခြောက်တယ်ဟု လူပြောများ၏…

အရမ်းလှတာမှန်သော်လဲ အိမ်ကိုဝယ်မဲ့လူမရှိ… ပစ်ထားရသည် ညဘက်ဆို လူမရှိပဲ အသံတွေကြားရသည်ဆိုလားလဲ ပြောကြသည်

Baekhyun အတွက်ကမူ သရဲသည် ဂရုစိုက်စရာမဟုတ် အဓိက အိမ်ကောင်းဖို့နဲ့ ဈေးတန်ဖို့ပဲမို့

Baekhyun က စာရေးဆရာတစ်ယောက်…
ပြောရရင် နှလုံးသားရေးရာနဲ့ စိတ်ခံစားချက်တွေအကြောင်း အလေးပေးရေးပြီး စာရေးဆရာ Byun ကို မသိသူမရှိသလောက်ပဲ…

ဥပမာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ပြီး ဘာအဓိပ္ပါယ်မှမရှိ ပျင်းရိစရာညမျိုးကိုတောင် သူက လှပတဲ့ညလေးအဖြစ် ပုံဖော်နိုင်တာမျိုး…

အရေးအသားပိုင်းနဲ့ပက်သက်လာရင် Byun ကို အားလုံးက အရှုံးပေးရပါသည်

သို့သော် တစ်ခုရှိ၏…

တကယ့်လက်တွေ့မှာ စာရေးဆရာ Byun ကို ဘယ်သူကမှ မမြင်ဖူးကြချေ…

Baekhyun သည် ချမ်းသာတဲ့မိသားစုမှ မွေးလာသလို မိဘကလဲအလိုလိုက်ထား၏ သူဝါသနာပါရာသူလုပ်သလို အပေါင်းအသင်း လဲမရှိ ပျင်းစရာကောင်းတဲ့ဘဝကြီးထဲ ကျင်လည်နေသူဖြစ်ရကား အောင်မြင်မှုကို တဝံ့တကြွားမယူချင်ခဲ့ပါချေ

Pussy cat!Where stories live. Discover now