9

5.3K 606 85
                                    

Zawgyi>>>

အကောင်ပိစိလေး ပြန်ဖြစ်သွားသဖြင့်
ပန်းကန်လုံးထဲဝင်ပြီး ရေဆော့နေသော ချာနူးလ်လေးကို Baekhyun
ထိုင်ကြည့်နေမိသည်

"ချာနူးလ်လေး"

Baekhyun အသံကြားတော့ ချာနူးလ်လေးက ပန်းကန်လုံးဘောင်ကနေ ခေါင်းလေးပြူထွက်လာကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်လာသည်

"ဒီမှာကောင်းကောင်းနေခဲ့မလား?
ကိုယ်သွားစရာရှိလို့..."

ဒီနေ့သူ့စာမူတွေကို သွားအပ်၍ လိုအပ်သည့်စာရွက်အချို့လဲ သွားဝယ်ရပေဦးမည်...

ဒါပေမဲ့ အပြင်မှာအရမ်းအေးတော့ ကြောင်လေးကိုခေါ်မသွားချင်ဘူး...

အခုကြောင်လေးဝတ်ထားရတာက
ခေါင်းအပေါက်ဖောက်ထားတဲ့
အဝတ်စလေးတစ်ခုတည်းရယ်...

ချာနူးလ်လေးကအရမ်းသေးလွန်းတော့ အဝတ်အစား ချုပ်ပေးဖို့ကအဆင်မပြေဘူးလေ...

သူ့ရဲ့အဝတ်စပါးပါးလေးအောက်က အမြှီးလေးတရမ်းရမ်းနဲ့ဆော့နေတဲ့ ဝါဂွမ်းလုံးလေးက အရမ်းနူးညံ့ပါသည်

Baekhyun ပြောတော့ ချာနူးလ်လေးက ချက်ချင်းပင် ပန်းကန်လုံးထဲကနေ ပြေးဆင်းကာ Baekhyun လက်ပေါ်ဖက်တက်လာသည်...

သူ့အနားမှာပဲနေပေါ့...
မသွားနဲ့ဆိုတဲ့ ပုံစံလေး...
Baekhyun ရဲ့လက်ချောင်းကို သူ့ကိုယ်လုံးလေးနဲ့ အတင်းဖက်ထားတာ မျက်နှာလေးအပ်၍ချွဲရှာသည်...

"အဆိုးလေး...ဂျီမကျရဘူးလေ...
ကိုယ်ကအဆိုးလေးအတွက် မုန့်တွေဝယ်လာခဲ့မှာ"

Baekhyun ပြောမှ ကြောင်ပေါက်က မလွှတ်ပေးချင်ပဲ လွှတ်ပေးရသည့်နှယ် မျက်နှာလေးကငိုမဲ့မဲ့...

"ကြောင်လေး popo..."

Baekhyun က ကြောင်လေးအနား မျက်နှာကပ်လိုက်ပြီး
ပါးကိုအနားတိုးပေးတော့
ကြောင်လေးက ခြေဖျားထောက်ကာ ဖွဖွလေးလှမ်းနမ်းသည်...

ကြောင်လေးက Baekhyun ပါးကို သူ့လက်ပုစိလေးတွေနဲ့ကိုင်ကာ နှုတ်ခမ်းလေးကသေးသေးလေးဆိုတော့
နမ်းသည်ဟုပင်မထင်ရ...
အိစိစိကိုယ်လုံးလေးက ပါးပြင်နဲ့ထိနေတာပဲသိသည်...

Pussy cat!Where stories live. Discover now