11

4.6K 605 33
                                    

Zawgyi>>>

လက်ထပ်မယ် ပြောပြီးသည့်နေ့ကစလို့
Baekhyun သည် ကြောင်လေးကို သိသိသာသာအသားယူလာတော့၏...

တစ်ဆိတ်ရှိ ကြောင်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းတင်းလေးဖက်ထားတတ်သည်...

ကြောင်လေးရဲ့ ပါးပြင်မို့မို့လေးနဲ့ မျက်နှာလေးတစ်ခုလုံးကို အမြဲလိုလိုစိတ်ကြိုက်နမ်းရှိုက်နေတတ်သော်ငြား အလိုလဲလိုက်ပါ၏..

ပြောရမည်ဆိုပါက
ကြောင်လေးနဲ့သူသည် လက်မထပ်ရသေးသော ရည်းစားနှစ်ယောက်၏အခြေအနေပင်....

တစ်နေ့တစ်နေ့ ကလူ၏မြူ၏လုပ်နေရသော Baekhyun မှာ ကြောင်ပေါက်လေးကိုချစ်လို့မဝနိုင်ရှာ...

"အွင်း ကိုကို..."

အိပ်ချင်မူးတူးရုပ်လေးနဲ့ အနားလာကပ်ချွဲနေသော ကြောင်လေးပင်...

ကုတင်ကိုမှီ၍
စာဖတ်နေတဲ့ Baekhyun ရင်ဘတ်ပေါ်တက်လာခြင်းပင်...

ကိုယ်လုံးလေးက အတင်းတိုးဝင်နေတာမို့ Baekhyun မှာ စာဖတ်လို့လဲမရ...
နားရွက်ချွန်ချွန်လေးတွေထွက်နေသော အနှီကြောင်ပေါက်လေးရဲ့ ခေါင်းလေးကိုပွတ်သပ်ပေးမိ၏...

အောက်ဘက်မှ အမြှီးရှည်ရှည်လေးက လှုပ်ရမ်းနေ၍ ကြောင်လေးက နှုတ်ခမ်းလေးကိုမဲ့ထားသည်...
အိပ်ချင်လို့ ဂျီကျတာနေမှာ...

"ကိုကို...ချာနူးလ်လေးအိပ်မို့"

"အင်း ကိုကို ချော့သိပ်ရမှာလား"

"ဟုတ်..."

ပြောရင်းနဲ့ပင် baekhyun ရင်ခွင်ထဲ သူ့ခေါင်းလေးကို တိုးဝင်ပွတ်သပ်နေပြန်သည်...

Baekhyun မှာ ချွဲစိန်ပုကျိတုံးလေးကို ဆွဲညှစ်ပစ်ချင်စိတ်က တဖွားဖွား...

သူပြုမူနေကြအတိုင်း ချာနူးလ်လေးရဲ့
မေးစေ့လေးကိုပွတ်သပ်ကာ ခေါင်းလေးကိုပွတ်ပေးတော့ ကြောင်ပေါက်လေးအတိုင်း မျက်လုံးလေးတဖြည်းဖြည်းမှိတ်ကာ အိပ်ပျော်သွားတော့တယ်...

"Goodnight ...pussy cat..."

ချာနူးလ်လေးကို ချော့သိပ်ပြီးနောက် Baekhyun လဲစာအုပ် ထပ်မဖတ်လိုတော့ပြီ...

Pussy cat!Where stories live. Discover now