12

4.8K 574 14
                                    

Zawgyi>>>

Baekhyun အခန်းထဲဝင်လာတော့ ကုတင်ထက်က ကြောင်လေးနိုးနေပြီဖြစ်သည်...

အဝတ်အပိုင်းစလေးကို ကိုယ်မှာလွှမ်းထားတဲ့ ကြောင်လေးက နူးညံ့ပြီး ဝါဂွမ်းဖတ်လေး လွင့်လာသည့်အလား...

ချာနူးလ်လေးက သူ့ကိုမြင်တော့ မျက်နှာလေးချက်ချင်းမှိုင်ကျသွားကာ ခေါင်းလေးငုံ့သွားရှာသည်မို့ Baekhyun သက်ပြင်းချမိသည်....

"ကြောင်လေး..."

"အင့်..."

Baekhyun ခေါ်လိုက်တော့ ကြောင်လေးရဲ့ကိုယ်လေးကတုန်သွားပြီး အနောက်သို့ဆုတ်သွားရှာသည်...

ချာနူးလ်လေးက Baekhyun တစ်ခုခုပြောမှာကြောက်နေသည့်အလား...

တကယ်တော့ သူမောင်းထုတ်ခံရမှာကို ကြောက်နေတာပါ...

ညက...
ချာနူးလ်လေးဘာဖြစ်တာမှန်းမသိလိုက်ဖူး...

ရူတ်တရပ်ကြီး သွေးဆာတယ်...
ပြီးတော့..ကိုကို့ ကိုလဲကုတ်ခြစ်ပစ်မိတယ်...

ချာနူးလ်လေးက အရမ်းမကောင်းတာပဲ...
ရုပ်ဆိုးတဲ့ပုံစံကြီးကိုမြင်သွားတော့ ကိုကိုမချစ်တော့ရင် ဘယ်လိုလုပ်မလဲဟင်?

သူ့ကိုကုတ်ခြစ်မိလို့ ကိုကိုစိတ်ဆိုးလေမလား?
ချာနူးလ်လေးကို အဝေးထွက်သွားဖို့ မောင်းထုတ်မှာလား?

အတွေးနဲ့တင် မခံစားနိုင်တော့ပြီ...

"ကြောင်လေး...ဒီကိုလာ ကိုယ့်ရင်ခွင်ထဲ..."

Baekhyun စကားကိုကြားတော့ ကြောင်လေးက မျက်လုံးလေးဝိုင်းလို့ မော့ကြည့်၏...

Baekhyun သိပါသည် ကြောင်လေး သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရမယ်ဆိုတာ...
ဒါပေမဲ့ Baekhyun အပြစ်မပြောရက်ပါဘူး...

ကြောင်လေး သိလို့ဖြစ်စေ မသိလို့ဖြစ်စေ...
ဘာကြောင့်လုပ်လုပ် သူခွင့်လွှတ်ပါသည်...

Baekhyun ရင်ခွင်ကိုဖွင့်ပေးထားတော့ ကြောင်လေးကိုယ်လုံးလေးကအင့်ခနဲတိုးဝင်လာ၏...
Baekhyun ရဲ့လည်တိုင်မှတစ်ဆင့် တင်းတင်းလေးဖက်ကာ ရင်ခွင်ထဲတိုးဝင်နေရှာသည်...

ကြောင်လေးရဲ့ကိုယ်လုံးလေးက တုန်ရီနေပြီး ပိစိကွေးလေးကို Baekhyun ကျောပြင်လေးမှပုတ်ပေးမိ၏...

Pussy cat!Where stories live. Discover now