14

3.8K 448 6
                                    

Zawgyi>>>

ဒီရက်ပိုင်း ကြောင်လေး မျက်နှာသိပ်မကောင်းတာ Baekhyun သတိထားမိသည်...

စိုးရိမ်မှုကြောင့် Baekhyun ကိုယ်တိုင်လဲ ပျော်မနေနိုင်ခဲ့...

ကြောင်လေးကို အရိပ်တကြည့်ကြည့် ကြည့်ရင်း နေမိသည်...

ဒါပေမဲ့ ဒီနေ့ကျ ကြောင်လေးက ပိုထူးခြားနေတယ်...
Baekhyun စိုးရိမ်တာလဲ အဲ့တာပဲ...

ဒီညက လပြည့်ည...

ပုံမှန်အားဖြင့် ကြောင်လေးနဲ့ပက်သက်တဲ့ မူမမှန်တာတွေကို ဒီလိုညတွေမှာဖြစ်တာမို့ သူမုန်းသည်...

စိတ်ထဲမှာလဲထင့်နေတယ်...

ကြောင်လေးကို ဆုံးရှုံးရမှာကြောက်နေသလိုမျိုး...

သူစိတ်ထင်လို့နေမှာပါလေ...

"ကြောင်လေး..."

"ဟုတ် ကိုကို"

"ဒီကို လာပါဦးကွာ "

Baekhyun လက်ကို ဆန့်တန်းပေးတော့ ကြောင်လေးကိုယ်လုံးလေးက သူ့ရင်ခွင်ထဲအင့်ခနဲဝင်လာသည်...

အိပ်ယာပေါ်လှဲနေတဲ့ Baekhyun ပေါ် ချာနူးလ်လေးကထပ်လျက်သား...
ဆံပင်လေးတွေကို နမ်းရှိုက်မိ၏...

"မအိပ်သေးဘူးလား ကြောင်လေး"

"ကြောင်လေး အစောကြီးမအိပ်ချင်ဘူး"

"ဟင် ဘာလို့လဲကြောင်လေးရဲ့"

"ကိုကို့ကို အကြာကြီးကြည့်ချင်လို့"

Baekhyun ရင်ထဲ ဒိန်းခနဲပင်...

"ကြောင်လေးကလဲ ကိုကို့ကိုကြောင်လေး အကြာကြီးကြည့်ရမှာပဲကို...
လာ ကိုကိုချော့သိပ်မယ်လေ နော်"

Baekhyun စကားကြောင့် ကြောင်လေးက ခေါင်းသာငြိမ့်ပြသည်...

"ဒီညတော့ ကိုကို့ ကိုကြောင်လေးကပုံပြင်ပြောပြပြီး သိပ်မှာ"

ချွဲသလိုလေးပြောလာတဲ့ ကြောင်လေးကိုမြင်မှ Baekhyun သက်ပြင်းချနိုင်၏...
ထို့နောက် ကြောင်လေးကို သူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်စေသည်

"ဟုတ်လား ပြောပါဦး ကြောင်လေးပြောတာလေးနားထောင်ချင်လို့"

Pussy cat!Where stories live. Discover now