15 (final)

6.6K 646 32
                                    

Zawgyi>>

ကြောင်လေးမရှိတော့တဲ့ နေ့ရက်များကို Baekhyun မယုံကြည်နိုင်သေးပေ...

အိပ်ရာကနိုးထလာတိုင်းလဲ မိမိဘေးမှ အကောင်ပေါက်လေးရှိနေမလား စမ်းကြည့်မိပေမဲ့ အေးစက်စက်မွေ့ယာခင်းက သူ့ကိုအမြဲလှောင်ပြောင်နေခဲ့တယ်

ညသန်းခေါင်ရောက်လို့ ခန္တာကိုယ်ပိစိလေးက သူ့ကိုယ်ပေါ်တက်လာပြီး တဖက်ဖက်ရိုက်လေဦးမလားလို့လဲ မျှော်လင့်ရင်း အိပ်မရတဲ့ရက်တွေ များခဲ့ပြီ...

ကြောင်လေး သူ့အနားရောက်လာခဲ့တဲ့ အချိန်တွေက အိပ်မက်တစ်ခုလိုပဲ ဆုပ်ကိုင်ပြလို့မရ လက်တွေ့ထုတ်ဖော်ပြလို့လဲမရပဲ တသသဆွေးမြေ့နေရတဲ့ တည်ရှိမှူတစ်ခု...

ကြောင်လေး ပြန်လာမယ်ဆိုတဲ့အတွေးနဲ့ သူမုန့်တွေအများကြီးဝယ်ပြီးသိမ်းထားပေးတယ်..ကြောင်လေးအတွက် အဝတ်စလေးတွေချုပ်ပေးထားတယ်...

ကြောင်လေး လာမသောက်ခဲ့ပေမဲ့ ညတိုင်း နို့ခွက်အေးစက်စက်လေးကို ဖျော်ပေးခဲ့မိတယ်....

ကြောင်လေးကပြောတယ်...

သူ့ကို အဝေးကစောင့်ကြည့်နေမှာတဲ့...
ဒါဆိုသူကရော?
သူ့မှာ လွမ်းလို့ဆုပ်ကိုင်ထားစရာ  ကြောင်လေးကိုချုပ်ပေးဖူးတဲ့ အဝတ်စအပိုင်းလေးတွေရယ် ကြောင်လေးကစားတဲ့ ဆော့စရာလေးတွေရယ်ကို ငေးကြည့်နေရရုံပဲတတ်နိုင်တာလေ...

အကယ်၍ တကယ်ပဲ ကိုယ့်ကိုငေးကြည့်နေမယ်ဆိုရင် ကြောင်လေးရေ၊...

ကိုကိုအဆင်မပြေတာ မင်းလဲတွေ့ရဲ့သားနဲ့...
ဘာလို့ပြန်မလာရသေးတာလဲ

ကိုကိုက ကြောင်လေးဖြစ်ချင်သလို ကြောင်လေးတစ်ယောက်ထဲအကြောင်းပဲတွေးတယ်လေ...

မင်းမရှိပဲ ကိုကိုက ဘယ်လိုမျိုး ဒီနေ့ရက်တွေကိုဖြတ်သန်းရမှာလဲ...

အဲ့တာကြောင့်...
နည်းနည်းလောက်ဖြစ်ဖြစ် ကိုကို့ကိုသနားရင် ပြန်လာခဲ့ပါတော့...

ဒီရင်ခွင်ကကြောင်လေးတစ်ယောက်ထဲအတွက် ထားတာမို့...

ဒီနေ့လဲ ဘယ်သူကမှအရေးမလုပ်တဲ့ ဆုတောင်းလေးကို ပြန်တောင်းမိပြန်တယ်...

Pussy cat!Where stories live. Discover now