3

6.6K 758 89
                                    

Zawgyi>>>

တစ်သက်လုံး တစ်ယောက်ထဲ နေလာခဲ့သော မိမိဘဝထဲသို့ ဤကဲ့သို့ ပိစိသေးသေးလေး ရောက်လာလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပါချေ…

Baekhyun သည် မိမိတတ်နိုင်သလောက် ချာနူးလ်လေးအကြောင်းကို စုံစမ်းနေမိ၏…
Angel လေးတွေနဲ့ပက်သက်တဲ့ အကြောင်းစာအုပ်တွေလဲဖတ်သည်

Angel လေးတွေအတွက် လိုအပ်တဲ့အရာတွေ…
သူတို့နေထိုင်တဲ့ပုံစံ… ပြီးတော့ Baekhyun ဘာလုပ်ပေးနိုင်သလဲဆိုတာ…အနည်းဆုံးတော့ အဲ့တာလေးတွေသိထားမှ ချာနူးလ်လေးသူနဲ့အတူနေလို့ဖြစ်မှာလေ

ဟိုနေ့ညကလို ချာနူးလ်လေး ချမ်းနေတာတောင် မသိပဲနေလိုက်မှာစိုးလို့…

ချာနူးလ်လေးက စကားမပြောတတ်တာမို့ သူ့ဘာသူ သိရအောင် ကြိုးစားရမှာပဲ…

Fallen angel နဲ့ ပက်သက်တာတွေက အများကြီးရေးထားခြင်းမရှိသလို အကုန်လုံးက စိတ်ကူးယဉ်တွေချည်း…

အများစုက လှပတဲ့နတ်သမီးလေးတွေနဲ့ အချစ်ဇာတ်လမ်းတွေအကြောင်း…
ချာနူးလ်လို angel ပိစိလေးအကြောင်းဆိုတာကတော့ ယောင်လို့ပင်မရှိပါချေ…

အခုသူဖတ်နေတဲ့စာအုပ်ထဲမှာ ရေးထားတာကတော့
Fallen angel အချို့က အစွဲအလန်း သို့မဟုတ် လူသားကိုချစ်ကြိုက်မိတာကြောင့် နတ်သက်ကြွေကြရတယ်တဲ့

အဲ့တာကြောင့် သူတို့က အပြစ်ပေးခံရတဲ့သဘောမျိုးနဲ့ လူ့ပြည်ကိုရောက်လာတယ် ပြီးတော့
ချို့ယွင်းမှုတစ်ခုခုပါလာပြီး အဲ့အားနည်းချက်နဲ့အတူ နှစ်တွေအကြာကြီး ပေးဆပ်ရတယ်

နောက် အပြစ်ကြွေးကြေတော့မှ သူတို့လာရာနေရာကို
ပြန်သွားကြရတယ်

ဒီအချိန်အတွင်းမှာ သူတို့ဟာ လူသားနဲ့ချစ်ကြိုက်မိတာမျိုး ထပ်ပြုလုပ်လို့မဖြစ်ဘူး အဲ့လိုဆိုရင်သူတို့က ကောင်းကင်ဘုံကို ပြန်မတက်တော့ဘဲ လူသားနဲ့ပဲနေဖို့ကြိုးစားမယ်ဆိုရင် အဆုံးသတ်ရလဒ်က…

*ပြန်လည်ရှင်သန်မှုမရှိတော့ဘဲ နတ်ဝိညာဉ်က အစိတ်အမြွှာမြွှာကွဲပြီး နာနာကျင်ကျင်အဆုံးသတ်ရလိမ့်မယ်

Pussy cat!Where stories live. Discover now