Ep _ 19

2.6K 229 38
                                    

Penchant
Ep _ 19

"မင်းပြောတာ မြင်နေရရင်ကို လုံလောက်ပြီလို့လား ? တကယ်ကြီး ? "

"အင်း မတွေ့နိုင်တော့လို့ လွမ်းနေရမှာထက် စာရင် ကျွန်တော် ချစ်တဲ့သူ အနားမှာ ဘယ်လို အနေအထားနဲ့ ဖြစ်ဖြစ် ရှိနေပြီး အမြဲတမ်း ထိုင်ကြည့်နေမှာ "

"အင်းနော် အဲ့လိုဆိုရင် အနည်းဆုံးတော့ မြင်တွေ့ခွင့် ရနေမှာပဲ "

"အဲ့တာ ပြောတာ ကျွန်တော့် အသိ ကလေးမလေးဆိုလေ သူ ချစ်နေရတဲ့သူကို ခင်မင်ရင်းနှီး ခွင့်တောင် မရလိုက်ဘူး .... ခုကျ ဟိုက ဘွဲ့ရပြီး အလုပ်လုပ်နေပြီ လုံးဝ မတွေ့နိုင်တော့တာ ... သူငယ်ချင်း အဖြစ်တောင် မရင်းနှီးတော့ ဘယ်လိုမှ တွေ့လို့မရတော့ဘူး ဟိုက ကျောင်းလည်း လုံးဝ ခြေဦးတောင် မလှည့် "

"ကလေးမက ဘွဲ့မရသေးဘူးလား "

"အင်း သူက တစ်နှစ်ငယ်တယ်လေ ဘွဲ့ရပြီးလည်း ဟိုတစ်ယောက် လုပ်တဲ့ အလုပ် လိုက်လုပ်ဖို့ကလည်း လုံးဝ မလွယ်တော့ ... "

"ဒါဆို သူငယ်ချင်း အဖြစ် ရင်းနှီးခွင့်ရတဲ့ ကိုယ်က အရမ်း ကံကောင်းခဲ့တာပေါ့ "

"ဒါပေါ့ အယ်ရာရဲ့ "

"စကားများလို့ပြီးရင် အိပ်တော့ "

ထောပတ်သီးက မျက်နှာမဲ့သွားပြီး ကုတင်ပေါ်က ဆင်းသွားသည် ။ ခဏနေတော့ ခေါင်းအုံး တစ်လုံး ပိုက်ပြီး ပြန်ဝင်လာသည် ။

"ဒီညတော့ အယ်ရာနဲ့ တူတူ အိပ်ပါရစေ fan boy လေးကို fan service ပေးသင့်တယ်လေ "

"သဘော "

"ဟီး "

ခေါင်းအုံးတွေ ကုတင်ပေါ် ပစ်ချပြီး စာအုပ်စင်ကို သွားစပ်စုနေသည် ။

"မင်း ဒီနေ့ အိပ်ဦးမှာလား မှိုင်းရာ "

"ကိုရှင်း အဲ့တစ်ယောက်ကို တော်တော် ချစ်တာပဲလား "

"အင်း ကိုယ်ချစ်ခဲ့ဖူးတယ် မှိုင်း ...
ချစ်ခဲ့သလို နာကျင်ခဲ့ရတယ် ...
ခုလည်း သူတစ်ယောက်တည်းကို ကိုယ်က နှလုံးသားထဲမှာ မြှုပ်နှံထားတာ ...ပြီးတော့ ထာဝရ မြှုပ်နှံသွားမှာ ... ဒီတော့ ကိုယ့်မှာ ဒုတိယ အချစ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး မှိုင်း ! "

Penchant Where stories live. Discover now