14.

1.2K 88 0
                                    

Penchant
Ep _ 14

"မှိုင်း "

"မှိုင်း ??? "

"ဟေ့ ကောင်လေး data ဖွင့်ပြီး အိပ်ပျော်နေတာလား ? "

"မှိုင်း ??????? "

"ဘာလုပ်နေလို့ စာတွေတောင် ဝင်မဖတ်နိုင်ရတာလဲ ? "

ဆက်တိုက်ပို့ထားသော အယ်ရာရဲ့ စာများက နည်းနည်းနောနော မဟုတ် ။
အယ်ရာက Active now ဖြစ်မနေတော့ ။

"Assignment အတွက် စာရိုက်နေရလို့ data ပိတ်ဖို့ မေ့သွားတာ "

စာပို့ပြီး အိပ်တော့မည် အလုပ် ရုတ်တရက် အယ်ရာ့ acc က မီးစိမ်း လာပြီး seen ဖြစ်သွားသည် ။

"အင်း အိပ်တော့လေ "

"ခင်များ မအိပ်သေးဘူးလား ? "

"အစကတော့ အိပ်နေတာပဲ ခုတော့  တရေးနိုးလာတာ "

ကျွန်တော်လည်း ဝှားကနဲ သမ်းဝေ လိုက်ပြီး မျက်ရည်တွေ ဝဲလာသည် ။
ညည့်နက်နေပြီ ဖြစ်တာရော ပင်ပန်းတာရောကြောင့် လူက ငိုက်လာသည် ။

"ဒါဆို ကျွန်တော် အိပ်တော့မယ် "

"အင်း အိပ်သင့်တာ ကြာပြီ မင်း မနက်လည်း စောစောထရဦးမှာကို "

"Good night အယ်ရာ "

"GN မှိုင်း "

Data ပိတ်ပြီး ဖုန်းကို လက်ထဲက ချလိုက်သည် ။ အိပ်ယာပေါ်မှာ လှဲလိုက်ပြီး နူးညံ့သော ခေါင်းအုံး ထက်တွင် ခေါင်းချ လိုက်သည်နှင့် မျက်ခွံတွေက မှေးစင်းလာသည် ။

အိပ်မက်ထဲတွင် အင်းလေး ကန်ရေပြင်ကို ခပ်ဆွေးဆွေး ငေးနေသည့် လူတစ်ယောက်ကို မြင်ရသည် ။

>>>>>>>>>>

"မင်း စာရွက်တွေ ထုတ်ပြီး သွားနှင့် ပြီးရင် ငါလိုက်လာခဲ့မယ် "

"၉ ခွဲထက် နောက်မကျနဲ့နော် မှိုင်း "

"စိတ်ချ "

Assignment ကိစ္စကို ငရဲ လက်ထဲ ယုံယုံကြည်ကြည့်ဖြင့် အပ်လိုက်ပြီး ဖရဲသီး ဆိုင်ကို ထွက်လာလိုက်သည် ။

"ကလေး အမောပြေ ဖရဲသီးလေး စားလိုက် "

"ကျေးဇူးပါဗျ ကျွန်တော် မစားတော့ဘူး အဒေါ် ဖရဲသီး ၂ လုံးသာ မြန်မြန်လေး ထည့်ပေးပါလား ကျွန်တော် နောက်ကျနေလို့ "

Penchant Where stories live. Discover now