5.

1.4K 93 0
                                    

Penchant
Ep _ 5

ကိုရှင်း ကို မြင်တော့ အနည်းငယ် လန့်သွားပြီး အူကြောင်ကြောင်ဖြင့် ငေးကြည့်နေမိသည် ။ အသားရည်တွေ အနည်းငယ် နေလောင်သွားသည်က လွဲလို့ မပြောင်းမလဲ ။

ရှပ်အင်္ကျီ လက်ရှည်ကို တံတောင်ဆစ်နား အထိ ခေါက်ထားပြီး ကြယ်သီးများကို အပြည့်တပ်ထားသည် ။ ဂျူတီကုတ် အဖြူရောင်ကို လက်မှာ ကိုင်ထားပြီး တခြား လက်တစ်ဖက်တွင်တော့ Laptop အိတ်ကို ကိုင်ထားသည် ။

ကျွန်တော်က ဆိုင်တံခါးဝမှာ ငေးကြည့်နေမိတော့ ကိုရှင်းက ပြုံးပြပြီး ဘေးသို့ ကပ်ပေးသည် ။ ကျွန်တော်လည်း ရှက်ပြီး ခပ်မြန်မြန် ပြေးထွက်လာခဲ့သည် ။

"မှိုင်းညှို့သွင် ! ဘာလို့ အဲ့လိုကြီး ရပ်ကြည့်နေတာလဲ သွားပါပြီ ရှက်စရာကြီး"

မျက်နှာတွေ ပူလာလို့ မျက်နှာကို လက်ဖြင့် အုပ်ပြီး လမ်းလျှောက်ရင်း ငရဲနှင့် တည့်တည့်တိုးသည် ။

"နေပါဦး ဒီရုပ်က ဘာဖြစ်လာတာလဲ "

"ဟင် ငရဲ ! "

"ပြောပါဦး ဒီဖြီးနေတဲ့ မျက်နှာကြီး အကြောင်း "

ငရဲပြောတော့မှ ကျွန်တော် ရယ်နေမိမှန်း သိတော့သည် ။ မျက်နှာကို အစွမ်းကုန် ပြန်တည်လိုက်သော်လည်း မရ ။ ရင်ထဲမှာ လှိုက်ပြီး ပျော်လွန်းလို့ မျက်နှာပိုးက သတ်မရ ။

"အဟမ်း ဘာမှမဖြစ်ဘူး "

"ငါရောက်လာပြီးကတည်းက ဒီလောက်ထိ ပြုံးဖြီးနေတာ ဒါပထမဆုံးနော် "

"မင်း စိတ်ထင်လို့ပါ "

"မှိုင်း မင်းဘယ်သူနဲ့ တွေ့လာတာလဲ "

"ငရဲရာ မရစ်နဲ့ ပြန်မယ်လေ နောက်ကျနေပြီ"

"အေးပါ အေးပါ လက်ပူးလက်ကြပ် မိလို့ကတော့နော် ...ဟင်းဟင်း "

ခြိမ်းခြောက်နေသံက ကြောက်စရာကြီး ။

》》》》》》》》》》

"ဒါက ဘယ်လဲ "

"လန့်လိုက်တာ ငရဲရာ "

"Breakfast သွားစားမလို့ "

"ကျောင်း သွားအပ်ရဦးမယ်လေ "

"အေးဆေးပေါ့ အပြန်မှ အပ်မယ် "

Penchant Where stories live. Discover now