9.

1.2K 90 2
                                    

Penchant
Ep _ 9

"ငါ ကန်တင်းမှာ ခဏလေး ထိုင်နေတဲ့ အချိန်အတွင်း ဘာတွေ ဖြစ်ကုန်တာလဲ "

အဝတ်တွေ အိတ်ထဲ ကောက်ထည့်နေသည့် မှိုင်းက စကားပင် မဆို ။ မျက်နှာကလည်း ပြုံးပြုံး ပြုံးပြုံးဖြင့် ။

"ဘာလို့ အဆောင်က ထွက်ပြီး အိမ်ငှား မှာလဲ "

စာအုပ်တွေ သေချာ စစ်ပြီး အိတ်ထဲ ထည့်နေသည် ။ တစ်ယောက်တည်း စကားပြောနေရသည့် ကျွန်တော့်ကို နည်းနည်းလေးမှ အားနာပုံမရ ။

"စာရေးဖို့တောင် မအားတာကို ဘယ်အချိန် သွားပြီး အလုပ်လုပ်မှာလဲ မှိုင်းရာ "

ချော့မေးလည်း မရ ။ လေသံပျော့လည်း မရ ။ ဝစီပိတ် ကျင့်နေပုံ ရသည် ။ ရုတ်တရက် ဖုန်းမြည်လာမှ ဖုန်းကို ကျွန်တော့်ဆီ ထိုးပေးပြီး စကားသံ ထွက်လာသည် ။

"ငရဲ ဖုန်းလာနေတယ် "

"ဟမ် အေး "

ကျွန်တော့်ကို ဖုန်းမဆက်ဘဲ ဘာလို့ မှိုင်း ဆီ ဆက်သည် မသိ ။ ဘယ်သူ ဘယ်ဝါမှန်း မသိပေမယ့် ခပ်တည်တည်ဖြင့် ဖုန်း ကိုင်လိုက်ရသည် ။

"ဟုတ်ကဲ့ အမိန့်ရှိပါ "

"ဟေ့ကောင် ! မင်း ဘာအချိုးချိုးတာလဲ ဘာလို့ အားအားယားယား အဆောင်က ထွက်မှာလဲ ? အိမ်ငှားနေရအောင်  မင်းကိုယ်မင်း ဘာထင်နေလဲ ခွေးသား "

"ဗျာ ... "

ဒေါသတကြီး လှမ်းကြည့်လာသော ငရဲကို ရယ်ပြလိုက်ပြီး ပုခုံးကို တွန့်ပြလိုက်သည် ။ မတတ်နိုင် ... မှိုင်းညှို့သွင် ဖခင်ဆိုတာက စိတ်ဆိုးရင် တောက်လျှောက်ပြောသည့် လူမျိုး ။

"အဖေ ဆူလို့ ပြီးမှ ငါ့ကို ဖုန်းပြန်ပေး "

"မင်း ! "

ဖုန်းထဲက အော်ကြီးဟစ်ကျယ် ဆူပူနေသော မှိုင်း အဖေ ။ ဆက်တိုက် ပွစိပွစိ ပြောလို့ဝမှ သက်ပြင်းချနေသည်
။ နားထောင်ရသည့် ကျွန်တော်ကတော့ နားတွေကို ပူနေပြီ ။

"ဟုတ်ကဲ့ ကျွန်တော် မှိုင်း သူငယ်ချင်းပါ ဦးလေး "

"ဘာ ! ဟိုအကောင်က သေနေလို့ မင်းက ဖုန်းကိုင်တာလား "

Penchant Donde viven las historias. Descúbrelo ahora