6.

1.3K 101 0
                                    

Penchant
Ep _ 6

ကျောင်းဖွင့်ပြီ ဆိုသည်နှင့် tutorial များက ကပ်ပါလာလေသည် ။

"မနက်ဖြန် ကျုတိုရှိတယ်နော် မှိုင်း "

"အင်း သိတယ် "

"စာလေး ဘာလေး ကျက်ဦး "

"ကျက်မှာပါ ပူမနေနဲ့ "

လွယ်အိတ် ကောက်လွယ်ပြီး အပြင်ထွက်ဖို့ ပြင်တော့ ငရဲက မေးသည် ။

"ဘယ်လဲ မှိုင်း "

"စာသွားကျက်မလို့လေ "

"မင်းကတော့ မနိုင်ဘူး သိလား "

"မင်းရော လိုက်မလား ငရဲ "

"တော်စမ်းပါ နေပါဦး အဲ့ penchant က မင်းကို ဘာတွေနဲ့ ပြုစားထားတာလဲ "

ငရဲ အမေးကို ပြန်မဖြေဘဲ ရယ်မောရင်းသာ ထွက်လာခဲ့သည် ။ ကျောင်းတွေတောင် ဖွင့်နေပြီ ။ ပြောရမယ်ဆိုရင် ကျွန်တော် နေ့တိုင်း Penchant ကို ရောက် ဖြစ်သည် ။
တစ်နေ့ကို ၁ နာရီလောက်တော့ ကိုရှင်းကို တွေ့ရတတ်သည် ။

ကိုရှင်းက တစ်ခါတစ်ခါ ခပ်ဆွေးဆွေး မျက်ဝန်းများဖြင့် အပြင်ဖက်ကို ငေးကြည့်နေတတ်သည် ။ ပုံမှန်ကတော့ laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေတာက များသည် ။ တစ်ခါတစ်လေ စာအုပ် ဖတ်နေတတ်သည် ။ မပြောင်းလဲတာ တစ်ခုကတော့ သိပ်ပြီး အရယ်အပြုံး မရှိ ။

"ထောပတ်သီး ..."

မှာတောင် မမှာရသေးဘူး စားပွဲထိုးလေးက ထောပတ်သီး ဖျော်ရည် တစ်ခွက် လာချပေးသည် ။

"ဟောဗျာ မှာတောင် မမှာရသေးဘူးကို "

"ကျွန်တော်က အလိုက်သိတယ်လေ ဟဲဟဲ "

"ကျေးဇူးပါဗျ "

ဆိုင်ကို နေ့တိုင်း ပုံမှန် လာထိုင်လွန်းလို့ စားပွဲထိုးလေးနဲ့ပင် ရင်းနှီးနေပြီ ။ သို့သော်လည်း ကိုရှင်း ကတော့ ကျွန်တော့်ကို သိတောင် မသိ ။ ကျွန်တော်က အချိန်တိုင်း ငေးကြည့်နေရသည်ထက် ပို၍ အခြေအနေက တိုးတတ်မလာခဲ့ ။

စာကျက်စရာရှိတော့ ဝတ္တုဖတ်၍ မဖြစ် ။
နားကြပ်လေးတတ်ပြီး သီချင်း အေးအေးလေး နားထောင်ရင်း စာတွေ ထိုင်ရေးနေသည် ။ ကျွန်တော်က စာကို ရေးကျက် ကျက်သည်မို့ အဆင်ပြေသည် ။

Penchant Where stories live. Discover now