3.

1.7K 114 2
                                    

Penchant
Ep _ 3

စားပွဲတွင် ထိုင်ပြီး စာအုပ်ဖတ်နေသည့် လူကြီး .... ရှပ်အင်္ကျီ မိုးပြာရောင် ကို ကြယ်သီးအပြည့် တပ်ထားသည် ။ အသားညိုညိုနှင့် လိုက်ဖက်မှု ရှိပြီး လူကြီးဆန်ဆန်ဖြင့် ခန့်ညားသည် ။

စာအုပ်ကိုသာ အာရုံစိုက်နေပြီး မျက်ခုံးတွေက တန်းနေသည် ။ ဖတ်နေရင်းပင် တစ်ချက် တစ်ချက် မျက်ခုံးလေးများက တွန့်ကွေး သွားသည် ။

အကြောစိမ်းများဖြင့် ပြည့်နေသော လက်ချောင်းရှည်တို့က စာအုပ်ကို ခပ်ဖွဖွ ကိုင်ထားပြီး ကျန်လက်တစ်ဖက်က စာရွက်တွေကို ခပ်ဖြေးဖြေး လှန်နေသည် ။

ခပ်တိုတို ခပ်ပါးပါး ဆံပင်ပုံစံကြောင့် ပိုပြီး ယောက်ျားပီသသည် ။ အသက် ၃၀ ဝန်းကျင် ဖြစ်မည်ဟု ခန့်မှန်းမိသော်လည်း အစ်ကိုက ခုခေတ် လူငယ်တွေထက်ပင် နုပျိုနေပြီး အတော်လေး ကြည့်ကောင်းသည် ။

အစ်ကို့ နာမည်ကို အဲ့တုန်းက ကြားလိုက်ပါသည် ... ရှင်း .... ဟုတ်သည် .. ရှင်း ... ။

"ကိုရှင်း "

နှုတ်ဖျားမှ ခပ်ဖွဖွ ထွက်သွားသော အစ်ကို့နာမည်ကို လျစ်လျုရှုရင်း စိတ်ကူးယဉ် ကမ္ဘာသို့ ပျော်မွေ့နေဟန်တူသော အစ်ကို့ကိုသာ ပြန်ငေးကြည့်နေမိသည် ။

စိတ်ထဲက ကြည်နူးလာသည့် ခံစားချက်ကြောင့် မှိုင်း အံ့ဩရပြန်သည် ။

ကျွန်တော် အနှစ်နှစ်အလလ ကြိုးစား ဖန်တီးထားသည့် ဝတ္တုတစ်ပုဒ်ကို စာဖတ်သူတစ်ဦးက " သဘောကျတယ် " ဟု
တုန့်ပြန်လာသည့်အချိန် ခံစားရသည့် အပျော်မျိုး .... ကြည်နူးသည် ...ပီတိဖြစ်သည် ။

ကျွန်တော် လေးစားရပါသော စာရေးဆရာ တစ်ဦး၏ အနှိုင်းမဲ့သည့် ဖန်တီးမှုမျိုးကို စီးမြောခံစားခွင့်ရသည့် အပျော်မျိုး ။
နူးညံ့သိမ်မွေ့သည် .... ကျေနပ်အားရသည်။

မည်သို့ပင်ဆိုစေကာမူ ပျော်ရွှင်မှုဆိုသည်မှာ လူသားတိုင်းအတွက် အရေးပါသည့် ခံစားချက်တစ်ခုဖြစ်သည် ။ ထို့ကြောင့် ကျွန်တော်လည်း ဘာကြောင့် ကြည်နူးမိသည်ကို မစဉ်းစားမိတော့ ။

ကျွန်တော် ကိုရှင်း ကို ငေးကြည့်နေရတာ ပျော်ရင် ဆက်ငေးကြည့်သွားမည် ...ဤမျှသာ ။

Penchant Where stories live. Discover now