12.

1.1K 89 0
                                    

Penchant
Ep _ 12

"မင်းက မှိုင်းညှို့သွင် လား "

"ခင်ဗျာ ! "

အလန့်တကြား ကြည့်နေမိတော့ ကိုရှင်းက ပြုံးပြီး စိုက်ကြည့်နေသည် ။

"ဘယ်လိုလုပ် .... "

တအံ့တသြဖြစ်နေသော ထောပတ်သီး ။
မျက်လုံးတွေက ပြူးကျယ်ပြီး ဝိုင်းစက်နေသည် ။ နှုတ်ခမ်းတွေက ခပ်ဟဟဖြင့် ။

" မှိုင်း .... "

"ဗျာ ! "

လက်ထဲက စာအုပ်ကို စင်ပေါ်ပြန်တင်ပြီး ကိုရှင်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည် ။ နောက်မှ ကျွန်တော့်ကို ခပ်တည်တည်ဖြင့် ပြန်ကြည့်သည် ။

"မှိုင်း ကို တွေ့ချင်နေခဲ့တာ ကြာပြီ "

"ကျွန်တော့်ကို ? "

ခုချိန်ထိ ဘာတွေ ဖြစ်ကုန်မှန်း လိုက်မမှီသော ထောပတ်သီးလေးက ဦးနှောက်ကို အတော်လေး အလုပ်ပေးနေပုံ ရသည် ။

ထောပတ်သီးလေး တစ်ယောက်  အူကြောင်ကြောင်လေးဖြင့် ပြူးကြည့်နေဆဲ ။

"မင်းမသိတာတွေကို လိုက်တွေးမနေနဲ့ သွား အလုပ်သွားလုပ်တော့ ဟိုမှာ ဧည့်သည်လာနေပြီ "

"ဟမ် "

ကိုရှင်းက ကျွန်တော့် ကိုယ်ကို ဆွဲလှည့် လိုက်ပြီး ပုခုံးပေါ်ကို လက်နှစ်ဖက် တင်ကာ အရှေ့ကို တွန်းပို့လိုက်သည် ။

တကယ်ပင် မှန်တံခါးမှ ကောင်မလေး ၃ ယောက် ဝင်လာနေသည် ။ ကျွန်တော်လည်း အလုပ်ထဲ စိတ်ပြန်ထည့်လိုက်ရသည် ။

"မင်္ဂလာပါ ခင်မျ ... ဘာများ မှာချင်ပါလဲ ခင်မျာ "

ဧည့်သည်တွေ မြင်တာနှင့် အပြုံးချိုချိုဖြင့် ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှု ပေးနေသည့် ထောပတ်သီး ။ ထောပတ်သီးလေးက မြင်ရသူတိုင်း စိတ်ကျေနပ်ပြီး ရင်ထဲမှာ အေးချမ်းမှု တစ်ခုကို ခံစားရစေသည် ။

"နည်းနည်းလေးမှ မပြောင်းလဲပါလား "

>>>>>>>>>>>>>>

ရေဗူးတွေ ဖြည့်ရန် ကြည့်လိုက်တော့ ရေသန့်ဗူးကြီးထဲတွင် ရေက မကျန်တော့ ။ ဘေးဘီကို ဝေ့ကြည့်လိုက်တော့ စားပွဲခုံ အောက်မှာ ရေသန့်ဗူးကြီး တစ်ဗူးက အခန့်သား နေရာယူထားသည် ။ မဖောက်ရသေးသည့် အသစ်စက်စက် ။

Penchant Where stories live. Discover now