အပိုင်း ၁

74.1K 2.9K 121
                                    


အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရှိမယ်ဆို ခင်ဗျားကိုမချစ်မိအောင်ကြိုးစားခဲ့မှာ ။

အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရှိမယ်ဆိုရင် ခင်ဗျားမပါတဲ့ ကျွန်တော့်ရဲ့အနာဂတ်ကိုပဲ ရွေးချယ်ခဲ့မိမှာ ။

အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရှိမယ်ဆိုရင် ခင်ဗျားနဲ့တွေ့ဆုံခဲ့တဲ့ ပထမဆုံးနေ့ရက်ကို ဖျက်စီးပစ်ချင်တယ် ။

အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရှိမယ်ဆိုရင် ခင်ဗျားနဲ့ပက်သက်တဲ့အရာရာအားလုံးကို ဖျက်စီးပစ်ပြီး ခင်ဗျားကို မသိတဲ့ ၊ မတွေ့ဖူးတဲ့လူတစ်ယောက်အဖြစ်နဲ့ပဲ အသက်ရှင်သန်ဖို့ ရွေးချယ်ခဲ့မိမှာ ။

ခုတော့ ခင်ဗျားကိုမြင်နေပါလျှက်နဲ့ ခင်ဗျားမချစ်တဲ့ဘ၀က ရှင်လျှက်နဲ့သေနေသလိုပဲ ။ ကျွန်တော့်ရဲ့အချစ်က ခင်ဗျားအတွက် အဆိပ်ဖြစ်စေခဲ့တာလား ကိုလေး ။ ကျွန်တော်က ခင်ဗျားရဲ့ရိုးရှင်းလှတဲ့ဘ၀ကို ကမောက်ကမဖြစ်စေခဲ့မိပြီလား ။ ဒါဆို ကျွန်တော်တောင်းပန်ပါတယ် ။ ဒါပေမယ့် ခင်ဗျားကိုမချစ်ဘဲနေဖို့ကတော့ ကျွန်တော့်အတွက် အရမ်းခက်ခဲနေသေးတာမလို့ တစ်ခါလောက်ပဲ ကျွန်တော့်ကို ပြန်စောင်းငဲ့ကြည့်ပေး ။ တစ်ခါလောက်လေးပါပဲ ............ တစ်ခါလေး ခင်ဗျားဆီက နွေးထွေးမှုကိုပြန်ရမယ်ဆိုရင် ခင်ဗျားကိုချစ်မိခဲ့တဲ့အတွက် နောင်တတစ်စုံတရာမရှိဘဲ ကျွန်တော်ခင်ဗျားရှေ့က ပျောက်ကွယ်သွားပေးပါ့မယ် ။

ချစ်တယ် ...........ကိုလေး

ချစ်တဲ့ .............. ဝေဟင်ကို

*****************************

ခွပ် ..........!!!

တစ်ဖက်တော့လည်ထွက်သွားသော မျက်နှာနဲ့အတူ နာကျင်မှုက စပ်ဖျင်းဖျင်းနဲ့ခံစားလိုက်ရပေမယ့် ဝေဟင်ကို အံကြိတ်ကာ ပြုံးနေမြဲ ။ ဒီကောင်က အမှတ်ရှိတဲ့ကောင်မဟုတ်လို့  သူ့ကိုဒီနေရာမှာသတ်ပစ်ခဲ့မယ်ဆိုရင်တောင် ချစ်သူ့လက်နဲ့သေဆုံးခွင့်ရလို့ဆိုပြီး နောင်ဘ၀ကို ပျော်ပျော်ကြီးသွားမယ့်ကောင်မျိုး ။

" ငါ့ဘ၀မှာ နောင်တအရဆုံးက မင်းကိုကယ်တင်ခဲ့မိတာပဲ ။ ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့စကားကို မင်းနဲ့တွေ့မှ ငါလုံးဝသဘောပေါက်တော့တယ် ။ မင်း အရမ်းတော်တယ် ဝေဟင် ။ မင်းကြောင့် အသက်ရှင်ရတာကလည်း ငရဲတစ်မျိုးဆိုတာ တဖြေးဖြေးနဲ့ခံစားတတ်အောင် မင်းလုပ်နိုင်ခဲ့လို့ ။ မင်းကို အချိန်တစ်လပေးမယ် ။ တစ်လအတွင်း ဒီအိမ်ကနေထွက်ခွာဖို့ပြင်ပါ ။ ဒီလို အချိန်ပေးရခြင်းအကြောင်းရင်းကလည်း မင်းကိုသနားလို့မဟုတ်ဘဲ မင်းကိုသံယောဇဉ်တွယ်နေတဲ့ မင်းရဲ့အကြောင်းကိုမသိသေးတဲ့ ငါ့မိသားစုကြောင့်ဆိုတာ နားလည်စေချင်တယ် ''

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now