အပိုင်း ၅

25.1K 2.6K 209
                                    


တစ်လပြည့်ပြီးနောက် ဝေဟင်ကို ဟာ အိမ်ကထွက်ခွာဖို့ ခွင့်တောင်းပြီး ပစ္စည်းတွေကို သိမ်းဆည်းနေလေသည် ။ ဒီနေ့က ကိုလေးရဲ့ နားရက်ပဲမလို့ ကိုလေးလည်း အိမ်မှာရှိနေခဲ့သည် ။ သူပစ္စည်းတွေကို ထုတ်ပိုးနေစဉ်မှာပင် အန်ကယ်ထွန်းက အနားရောက်လာပြီး လက်ထဲပိုက်ဆံတစ်အုပ် ထည့်ပေးသည် ။

" အရမ်းမများပေမယ့် လိုတာရှိသုံးလို့ရအောင် ယူထားလိုက်ပါ ။ အဆုံးထိ တာဝန်မကျေပေးနိုင်လို့ အန်ကယ်တစ်ကယ် စိတ်မကောင်းဖြစ်မိတယ် ။ နောက်ပြီးတစ်ခုခု အဆင်မပြောတာ ရှိရင်လည်း အန်ကယ့်ကို ဆက်သွယ်ဖို့ မမေ့နဲ့နော် "

" ဒီအတောအတွင်း ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာနဲ့တင် ကျေးဇူးတွေက အရမ်းများနေပါပြီ။ ကျွန်တော် Taxi သွားငှါးလိုက်ဦးမယ် အန်ကယ်....... "

" ဟေ ....... ခဏ .... Taxi မငှါးနဲ့ ....... သားကြီးလည်း အိမ်မှာရှိတာပဲကို သူ့ကို လိုက်ပို့ခိုင်းလိုက် "

" ဟာ .... ကိုလေး အားမအား မသိဘဲ ။ရပါတယ် ....... Taxi က တစ်ဖက်လမ်းမှာ ငှါးလို့ရတာကို "

" နေနေ .......... အန်ကယ် သားကြီးကို သွားခေါ်လိုက်ဦးမယ် ''

အန်ကယ်ထွန်းဟာ ခေါင်းမာစွာနဲ့ ကိုလေးကိုပင် လိုက်ပို့ခိုင်းဖို့ ပြောနေသည် ။ ထို့နောက် မနက်ကတည်းက အခန်းထဲက မထွက်လာသည့် ကိုလေးကိုခေါ်ဖို့ တက်သွားလိုက်လေသည် ။

ဝေဟင်ကိုကတော့ မျက်နှာထားစရာနေရာမရှိလောက်အောင်ပင် ။ သူ ကိုလေးကို ရင်ဆိုင်ရမှာ နည်းနည်းရှက်တယ်လေ ။

မကြာပါဘူး ... ပုဆိုးအကွက်နဲ့ စွပ်ကျယ်အဖြူဝတ်ထားတဲ့ကိုလေးဟာ အိပ်ချင်မူးတူးနဲ့ဆင်းလာပြီး ဝေဟင်ကို ကြည့်လာတယ် ။

" ဝေဟင် .... သားရေ ....... အန်ကယ် မင်းရဲ့အကိုလေးကို ပြောလိုက်ပြီ ။ သူလိုက်ပို့ပေးမယ်တဲ့ .... ကဲ . ပစ္စည်းတွေ ကားထဲထည့်တော့ "

အန်ကယ်ထွန်းကိုယ်တိုင်က ပစ္စည်းတွေကို ရှေ့ကရွေ့ကူလို့ ဝေဟင်ကိုကလည်း ယောင်နနနှင့် အထုပ်ထမ်းပြီး လိုက်ခဲ့လေသည် ။ ကိုလေးကတော့ နောက်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုသယ်ရင်း ကားစီလျှောက်လာသည် ။ ဝေဟင်ကို အိမ်ပြောင်းတယ်ဆိုပေမယ့် တကိုယ်တည်းသမားမလို့ ပစ္စည်းတွေက သိပ်မများလှ ။ ပစ္စည်းတွေ အားလုံးထည့်ပြီးသော် ကိုလေးဟာ သူ့ကိုရှေ့ခန်းမှာထိုင်ဖို့ပြောပြီး အန်ကယ်ထွန်းကို နူတ်ဆက်ကာ ထွက်လာလိုက်သည် ။

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now