အပိုင်း ၉ ( ဇာတ်သိမ်းပိုင်း)

38K 2.7K 312
                                    

သနားဖို့ ကောင်းလှတဲ့ ကလေးလေး ၊စိတ် ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ ကလေးလေး ၊ ဝေဟင်ကို ကို ဖေဖေ အိမ်မှာခေါ်လာတဲ့နေ့က မေမေ့ရဲ့ မကြည်ဖြူခြင်း ငြူစူခြင်းတွေကြားထဲ အရိပ်တကြည့်ကြည့် နေခဲ့ရရှာတဲ့ကလေး ။ ဒီကလေးကို မြတ်မင်းခန့် သနားလွန်းသည် ။ ဒါကြောင့် မေမေမသိအောင် တိတ်တိတ်လေး ဂရုစိုက်မှုတွေပေးကာ ဒီကလေးအပေါ် သူစောင့်ရှောက်ပေးဖို့ ကြိုးစားခဲ့သည် ။ နောက်ပိုင်း သူက ဖေဖေ့အချစ်ဟောင်းရဲ့ သားမှန်း မေမေသိတော့ ဝေဟင့်အပေါ် မေမေ့ရဲ့ အမုန်းတွေက ပိုတိုးပွားလာတာကြောင့် မေမေပိုပြီး မမုန်းရလေအောင် မေမေ့ရှေ့မှာ သူ ဝေဟင်ကို မရှိသလို ဆက်ဆံခဲ့သည် ။

ဒီကလေး ကျောင်းမှာ အဆင်ပြေရဲ့လား ၊ ထမင်းကော စားပြီးပြီလား ၊ မနက်ဖြန်ဆို ဘာအစီစဉ် ရှိလဲ စသဖြင့် ဒီကလေးနဲ့ ပက်သက်တာတွေ အကုန်သိချင်ခဲ့ပေမယ့် အများရှေ့မှာတော့ သူ ဒီကလေးကို ကြင်နာသည့် အရိပ်အယောင်မပြဘဲ ပစ်ထားခဲ့သည် ။

တစ်နေ့ ........ သူ အလုပ်က ပြန်လာတော့ ပင်ပန်းလို့ အိပ်ယာထဲပြန်ပြီး ခဏပြန်မှေးစက်နေတုန်း သူ့အခန်းတံခါးဖွင့်လာပြီး ဝေဟင်တစ်ခုခုကို လာရှာသည့်အချိန် မြတ်မင်းခန့် နိုးနေသော်လည်း ဆက်လက်အိပ်စက်ချင်ယောင်ဆောင်ကာ နေခဲ့သည် ။ သို့သော် မထင်မှတ်ဘဲ တိတ်ဆိတ်သွားသည့် အချိန်တစ်ခုမှာ သူ့နူတ်ခမ်းကို ထိတွေ့လာသည့် နူးညံ့ပြီး နွေးထွေးသည့်အရာတစ်ခုကြောင့် မြတ်မန်းခန့် မျက်လုံးပြူးသွားသည် ။

ဒီကလေး ....... ဘယ်ကနေ အတုမြင် အတတ်သင်လာတာလဲ ။ ဒီကလေး သူ့ကိုယ်သူ အရွယ်ရောက်ပြီလို့ ထင်နေတာလား ။

အဲ့တုန်းက မြတ်မင်းခန့် ဝေဟင်ကို ချက်ချင်းတွန်းထုတ်ပြီး အခန်းထဲက မောင်းထုတ်ခဲ့သည် ။ ထိုအချိန်က ဝေဟင် ကြောက်ရွံ့တုန်လှုပ်စွာနဲ့ သူ့ကို ဒူးထောက်မတတ်တောင်းပန်ခဲ့တုန်းက သူ့ခေါင်းထဲ တစ်ခုပဲ တွေးနေခဲ့သည် ။

မဖြစ်သင့်တာ မဖြစ်ရလေအောင် သူ တစ်ခုခုကို စည်းကြပ်မှရတော့မယ် ။

ဒါပေမယ့် ဒီကလေး သူ့ဖခင်နဲ့ အဆက်သွယ်ပြန်ရပြီး ဟိုကို လိုက်သွားဖို့ကြံစည်နေတယ်ဆိုတာကိုကြားတုန်းက သူ ဒီကလေးအပေါ် နှမြောတွန့်တိုစိတ်နဲ့ ဆွဲထားချင်ခဲ့ဖူးသည် ။ တခြားရွယ်တူယောက်ျားလေးတွေနဲ့လည်း သူစိတ်မချ၊ လိုတာထက်ပိုပြီး သူ ဝေဟင်အပေါ် စိုးရိမ်ခဲ့မိသည် ။

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now