အပိုင်း ၎

25.4K 2.4K 201
                                    

ဝေဟင်ဟာ လက်ထဲမှာ ခေါက်ဆွဲကြော်ဘူး သုံးဘူးကို ပါဆယ်ဆွဲလာကာ အိမ်သို့ပြန်လာခဲ့သည် ။ ဒီနေ့က လစာထုတ်ရက်မလို့ အလုပ်က သူငယ်ချင်းတွေနဲ့ နည်းနည်းပါးပါးသွားစားသောက်ပြီး ဖွားနဲ့ အန်ကယ်ထွန်းတို့ကို သတိရတာနဲ့ သူတို့အတွက်ပါ ၀ယ်ခဲ့လိုက်သည် ။ ည ၈ နာရီထိုးခါနီးဆိုပေမယ့် Taxi မငှားချင်တာနဲ့ လိုင်းကားနဲ့သာပြန်ခဲ့လိုက်သည် ။ သူဆင်းရမယ့် မှတ်တိုင်ရောက်တာနဲ့ လူတွေက အလုအယက်ဆင်းကြ၍ ဝေဟင်ဟာ သူ့ခေါက်ဆွဲကြော်ဘူးတွေကို မဖိမိအောင် သေချာကိုင်ရင်း ဆင်းခဲ့လေသည် ။

ကားမှတ်တိုင်ကနေတော့ လူမပြတ်ပေမယ့် ရပ်ကွက်ထဲဝင်ရင်တော့လူပြတ်တယ် ။ ခါတိုင်း ညခြောက်နာရီထက်ပို နောက်မကျဘဲ အိမ်ပြန်နေကျမလို့ လူခြေမတိတ် ။ ခုတော့ ရပ်ကွက်ဆိုပေမယ့် တံတိုင်းအမြင့်ကြီးတွေကာရံထားတာမလို့ လမ်းမှာ ခွေးတစ်ကောင် ကြောင်တမြီးတောင် မတွေ့ရ ။ သူတို့ရပ်ကွက်က သူဋ္ဌေးရပ်ကွက်မလို့ Bus ကားဂိတ်တောင် Main လမ်းမကြီးပေါ်မှာပဲ ရှိတာ ။ Taxi ငှားချင်ရင်တောင် လမ်းထိတ်ထွက်ငှားရတာမလို့  ဒီရပ်ကွက် လူခြေတိတ်တာ မဆန်းပါ ။

လမ်းလျှောက်နေရင်း ဝေဟင်ကြက်သီးမွေးညှင်းထလာကာ စိတ်ထဲမလုံမလဲ ဖြစ်လာသည် ။ သူ့နောက်မှာ တစ်စုံတစ်ယောက်ပါလာသည်ကို ခြေသံလိုလိုဘာလိုလို ကြားလိုက်ရ၍ လုယက်သူများဖြစ်နေမလားဟုတွေးရင်း လစာထည့်လာသော အိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဝေဟင် ခြေလှမ်းတွေကို အရှိန်တင်လိုက်သည် ။ ထိုအခါ သူ့နောက်ပါးက ခြေလှမ်းအသံတွေကို ပိုပြီးပီပီသသ ကြားရလာလို့ ဝေဟင်ထွက်ပြေးရင်ကောင်းမလားတွေးလိုက်မိသေးသည် ။ သူကွေ့ဝင်တဲ့လမ်းကိုလည်း လိုက်ပြီးကွေ့ဝင်လာသည့် ထိုသူကြောင့် သံသယတွေက ခိုင်မာလာသည် ။

အိမ်ပြန်ရောက်ဖို့ကလည်း နောက်ထပ် နှစ်လမ်းလောက် လိုသေးသည် ။ ပြောရမယ်ဆိုရင် နောက်ထပ် ဆယ့်ငါးမိနစ်လောက် လျှောက်ရဦးမည် ။ သူဋ္ဌေးရပ်ကွက်ဆိုပေမယ့် ကိုလေးတို့က အရမ်းချမ်းသာသည့်မျိုးမဟုတ် ။ ချမ်းသာတဲ့ ရပ်ကွက်မှာ ဘိုးဘွားတွေထားခဲ့တဲ့ အိမ်အိုလေးကြောင့် နေရေးထိုင်ရေးအဆင်ပြေပြီး အလုပ်အကိုင်အဆင်ပြေသောကြောင့် Honda Fit လေးတစ်စီးရှိကာ လူတန်းစေ့နေနိုင်သည်ဟု ဆိုနိုင်ပေသည် ။ ဒါကအရေးမကြီး ....... လကုန်ရင် အပြင်မှာ အခန်းငှားနေရတော့မှာ ။ ဒါကြောင့် သူ့ပိုက်ဆံကို အလုခံရသည့် အန္တာရယ်မှ ကာကွယ်ရဦးမည် ။

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now