အပိုင်း ၇

25.1K 2.4K 285
                                    

နောက်တစ်ရက်ရောက်တော့ ကိုလေး အိမ်မှာ အ၀တ်စားတစ်ချို့ယူပြီးပြန်လာသည် ။ ဝေဟင်ကတော့ မသွားခင် ကိုလေးနဲ့ အနီးကပ်ရှိနေခွင့်ရသည့်အပေါ် အပျော်တွေကြီးကာ စိတ်ကူးတွေယဉ်ကုန်သည် ။ မနက်ထတာနဲ့ကိုလေးက ထမင်းစာပွဲအသင့်ပြင်ပေးပြီးသား ..... ဝေဟင်ကိုက လက်တင်စားရုံပဲ ။ မသိရင် ဝေဟင်ကိုက ကိုလေးမွေးထားတဲ့ သားကျနေတာပဲ ။

စားလို့သောက်လို့ပြီးပြီဆိုတာနဲ့ ဝေဟင်ကိုသည် ကိုလေးသတိထားမိအောင် သူ့ရှေ့ကို လေးငါးခါမက ဖြတ်လျှောက်ပြီး ပစ္စည်းရှာသလို ပစ္စည်းရှင်းသလို လုပ်နေသည် ။ ကိုးနာရီမထိုးခင်မှာတော့ ကိုလေး သူ့ရဲ့စတစ်ကော်လံအင်္ကျီကို ကြယ်သီးတပ်နေရင်း အပြင်ထွက်လာသည် ။

" အလုပ်ဘယ်ချိန်သွားမှာလဲ .......... "

ကိုလေးမေးမှ သူအလုပ်သွားဖို့ ကိစ္စကို ဘာမှမပြင်ဆင်ရသေးဘူးဆိုတာကို သတိရသွားသည် ။ မနေ့ညကတည်းက ၀တ်အိပ်ထားတဲ့ စွပ်ကျယ်အင်္ကျီရယ် ဘောလုံးဘောင်းဘီနဲ့ပင် ဝေဟင်တစ်ယောက် ဘာမှမပြင်ဆင်ရသေး ။ Crush သတိထားမိအောင် သူ့ရှေ့ဖြတ်လျှောက်နေတာနဲ့ပဲ ခုထိ ရေတောင်မချိုးရသေး ။

" ရေ. ..... ရေအရင်ချိုးလိုက်ဦးမယ် ။ သုံးမိနစ်ပဲစောင့်....... ကျွန်တော်ရေချိုးတာက Eminem Rap ရွတ်တာထက် မြန်တယ် "

အပြောနဲ့အလုပ် ထပ်တူကျစွာပင် ဝေဟင် သဘတ်တစ်ထည်ယူပြီး ရေချိုးခန်းထဲ ပြေးဝင်သွားသည် ။ ဂွပ်... ဂွပ်... ဂွပ် နဲ့ ရေလောင်းသံ ကို ဆက်တိုက်ကြားရပြီးနောက် သိပ်မကြာဘူး ဝေဟင် ပုဆိုးပတ်လျှက် ပြန်ထွက်လာသည် ။ မှန်တယ် ....... A
Eminem Rap ရွတ်တာတောင် နှေးဦးမယ် ။ ဝေဟင်ကိုစောင့်ရင်း ကော်ဖီသောက်လိုက်ဦးမယ်လို့ တွေးနေတဲ့ ကိုလေးတောင် ကော်ဖီအတွက် ရေနွေးတည်မယ်ဆိုပြီး ခုမှ မီးပလပ်ထိုးတုန်း ဟိုကောင်လေးက ပြန်ထွက်လာပြီ ။

ဟင်....... ကြေးမတိုက်ဘူးလား ။ ညစ်ပတ်အိုးကြီး ။

ရေချိုးခန်းကနေ အိပ်ခန်းထဲပြေးဝင်သွားသည့် ဝေဟင်ကို ကိုလေးက အပြင်ကနေ လှမ်းပြောလိုက်သည် ။

" ဆပ်ပြာကော ပြောင်အောင်ဆေးခဲ့လားကွ ။ မင်းရေချိုးတာအဲ့လောက်မြန်တာ ....ကြေးကော ပြောင်ရဲ့လား "

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now