အပိုင်း ၃

25.3K 2.4K 72
                                    

🎼🎼🎼 အချစ်တစ်ခုအတွက်.... အရာရာအားလုံးသဘောအတိုင်းပဲ..... ကိုယ်လိုချင်ခဲ့သောအချစ်တို့်ဝေးနေလည်း... ရင်တွေကွဲပြီးနားလည်မယ် ၊ အပြစ်မမြင်ပါဘူး ချစ်သူလေးရယ်... မပိုင်ဆိုင်ရလည်း ထားခဲ့တော့ကွယ် နေပါစေ ကိုယ်ကျေနပ်တယ်။ တစ်ဘဝလုံးအတွက် ချစ်သူရယ် ဘဝမှာတစ်ခါတည်းချစ်ချင်လို့်ပါ ၊ နေမဝင်ခဲ့သော ကိုယ့်ရဲ့အချစ်တွေ ထာဝရစဉ် ရှင်သန်ဆဲကွယ်.......'🎼🎼🎼🎼

ရေချိုးခန်းထဲက အသံသဲ့သဲ့လေးဟာ အပြင်သို့မကြားတကြားစိမ့်ထွက်လာသည် ။ ရေချိုးခန်းကို စတူဒီယိုလုပ်နေသည့် အမောင်လူသားကတော့ သဘက်ကိုခါးစီးပြီး နောက်ထပ်သဘက်အသေးတစ်ထည်ကို ခေါင်းပေါ်တင်လျှက် သီချင်းသံတအေးအေးနဲ့ ရေချိုးခန်းတံခါးကို ဂျောက်ခနဲဖွင့်ချလိုက်သည် ။

" ဟင်......ကိုလေး ''

သူအမြင်မမှား ။ သဘက်ကိုပုခုံးပေါ်တင်လျှက် ဝတ်စုံအပြည့်နဲ့ ကိုယ်လေးက သူ့ရှေ့မှာဘွားခနဲပေါ်လာသည်မို့ အံသြစိတ်နဲ့အတူ စိုးရိမ်စိတ်ကပြိုင်တူပေါ်လာသည် ။ သူ့ကိုမြင်တော့ နဂိုတင်းမာနေသည့် ကိုလေးမျက်နှာက နှစ်ဆပိုမိုတင်းသွားကာ ချက်ချင်းမျက်နှာလွဲသွားလေသည် ။

ကိုလေးက သူ့ကိုမမြင်တွေ့ချင်လောက်အောင်ကို မုန်းတီးနေတာပဲ ။

" ဒီရေချိုးခန်းက မင်းအပိုင်မဟုတ်ဘူး ။ တံခါးဝရှေ့ပိတ်ရပ်မနေနဲ့ ''

သူ့ကိုတွန်းထုတ်တာမျိုးမဟုတ်ဘဲ တံခါးကိုဆွဲယမ်းလိုက်၍ ဝေဟင် ခြေလှမ်းနည်းနည်းပျက်သွားပြီး အရှေ့ကို ခြေနှစ်လှမ်းရောက်သွားသည် ။ သူ့ရဲ့အမှောင်ဘက်ခြမ်းကို ကိုလေးသိပြီးတဲ့နောက် ကိုလေး အိမ်နောက်ဖေးကရေချိုးခန်းကိုတောင်မသုံးတော့ဘဲ အန်ကယ်ထွန်းတို့ရဲ့ အိပ်ခန်းထဲက ရေချိုးခန်းကိုပဲ သွားသုံးတတ်သည် ။ ဒါမှမဟုတ် သူမရှိတဲ့ချိန်မှ နောက်ဖေးက ရေချိုးခန်းကို လာသုံးတတ်တာမလို့ ဒီတစ်ခါတော့ထူးထူးဆန်းဆန်းပင် သူရှိနေရက်နဲ့ ဒီရေချိုးခန်းကိုသုံးဖို့ရောက်လာခဲ့သည် ။ ကြည်နူးစိတ်လေး ပါးပါးလေးဝင်လာပေမယ့် ရွံရှာမုန်းတီးမှုအပြည့်နဲ့ ကိုလေးမျက်နှာကြောင့် အဓိပ္ပါယ်မဲ့လွန်ကျွံစွာ စိတ်ကူးယဉ်ပုံဖော်နေသည့် သူ့စိတ်ကိုအချိန်မှီ ဘရိတ်အုပ်လိုက်ရသည် ။

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now