အပိုင်း(၁)

7.8K 237 2
                                    

အချစ်​ဆိုတာ.....
မျက်​စိမရှိဘူး....
ဘာအကန့်​သတ်​မှုမှမရှိဘူး....
နှလုံးသားကဖြစ်​တည်​မှု​ကြောင့်​ဖြစ်​​ပေါ်လာတာ​လေ.......

ကျွန်​မရဲ့အချစ်​ဆိုတာ....
ပတ်​ဝန်းကျင်​ကအ​ပျော်​မယား....
small​လေး....
ပြည့်​တန်​ဆာ...
အဲ့လိုအမျိုးမျိုးနာမည်​တံဆိပ်​တပ်​ထားတဲ့မိန်းက​လေးကိုမှချစ်​မိသွားတာကျွန်​မအမှားတဲ့လား .......

............................................................................

ဝရံတာမှာရပ်​ပြီးအပြင်​ပတ်​ဝန်းကျင်​သို့စူးစမ်း​နေချိန်​​ဘေးခန်းမှလူ​သံတချို့ကြားရသည်​။ဒါနဲ့ပဲကျွန်​မတံခါး မှန်​ဘီလူးက​ချောင်းကြည့်​လိုက်​သည်​။

ကျွန်​မအသက်​ထက်​၉နှစ်​​လောက်​ကွာဟန်​ရှိသည့်​​ကောင်​မ​လေးကအ​ဖေအရွယ်​​လောက်​ရှိသည့်​​အမျိုးသားတစ်​ဦးကိုလက်​ချိတ်​ထားသည်​။အလုပ်​သမား၎ဦး​လောက်​က​ဟိုး​အောက်​ထပ်​က​နေ၇လွှာထိပစ္စည်းများ တင်​​​​နေကြသည်​။

ကောင်​မ​လေးအလှမှာကျွန်​မနစ်​​မျှော​နေခဲ့သည်​။နှင်းဆီဖူး​လေးနဲ့တူတဲ့နှုတ်​ခမ်းဖူးဖူး​လေး၊ပါး​ဖောင်း​ဖောင်း​လေး၊အသား​လေးကလည်းဖြူ​ဖွေးပြီးက​လေး​လေးတစ်​​ယောက်​လိုချစ်​စရာ​ကောင်းသည်​။

"ဟဲ့သမီး....သမီး....မိုးစက်​"

"ဒီ​ကောင်​မ​လေးဘာ​တွေဒီ​လောက်​ကြည့်​​နေတာလဲ" အ​မေအ​နောက်​ကလှမ်းရိုက်​​တော့မှကျွန်​မအသိပြန်​ကပ်​သွားသည်​။ကျွန်​မဘာမှမ​​ပြော​သေးခင်​အ​မေကကျွန်​မကိုတွန်းထုတ်​ပြီးသူပါ​ချောင်းကြည့်​ပြန်​သည်​။

"ကြည့်​ရတာဘိုး​တော်​ကြီးကထပ်​​ခေါ်လာပြန်​ပြီထင်​တယ်​။အရင်​တစ်​​ယောက်​ကဇယား​တွေရှုပ်​​တော့ ဘိုး​တော်​ကြီးက​မောင်းထုတ်​လိုက်​တာ​နေမယ်​" အ​မေက​ချောင်းရင်း​ပြောသည်​။

ကျွန်​မလည်းဆက်​နား​ထောင်​မချင်​တာနဲ့ကိုယ့်​အခန်း​လေးသို့​လျှောက်​သွား​လိုက်​သည်​။

"မိုးစက်​....မနက်​ဖြန်​ကျူ ရှင်​သွားအပ်​မယ်​။နင့်​ဆရာနဲ့မနက်​က​ဈေးမှာ​တွေ့ပြီးပြီ။၁၀တန်းဆိုတာလူတိုင်း​ခြေ​ချော်​လက်​​ချော်​ဖြစ်​ကြတာပဲပြန်​တက်​ရမယ်​"

အခန်းအပြင်​ကအ​မေ့စကား​ကြောင့်​စိတ်​မသက်​သာရာ​ရောက်​သည်​။

"အာ....သမီးမှပြန်​မ​ဖြေချင်​တာအ​မေ။မတက်​ဘူး"​အော်​ပြီးကျွန်​မနားထဲနားကြပ်​ထည့်​ပြီးသီချင်းကိုအကျယ်​ဆုံးဖွင့်​ထားလိုက်​သည်​။

............................................................................

မနက်​ခင်း......

အ​မေ​​ဈေးမှာလိုတာဝယ်​ခိုင်းတာ​ကြောင့်​ကျွန်​မတံခါးပွင့်​လိုက်​သည်​။

တဖက်​​ဘေးခန်းကလည်းဘိုး​တော်ကြီးကို​ကောင်​မ​လေးမှနှုတ်​ဆက်​​နေသည်​။

"ဦး....ဂရုစိုက်​သွား​နော်​။မြန်​မြန်​ပြန်​လာ​နော်​ခြူး​မျှော်​​နေမယ်​"

အဖိုးကြီးကလည်းရှိသမျှသွားအကုန်​ဖြီးပြီး လက်​ပြ၍ ​လှေကားမှဆင်းသွားသည်​။ကျွန်​မလည်းတံခါးပိတ်​ပြီး​ဈေးသွားဖို့ခရီးဆက်​သည်​။

"ခြူး....ခြူးတဲ့လား"

"ခင်​ဗျားဘာလို့ဒီလူအိုကြီးရဲ့မယားငယ်​လုပ်​​နေတာလဲ...ခင်​ဗျားရုပ်​ရည်​​လေးမှအားမနာခြူးရယ်​"

အ​တွေး​တွေဖြတ်​ပြီးအ​မေခိုင်းတဲ့အတိုင်းဝယ်​စရာရှိတာဝယ်​ပြီးပြန်​ခဲ့သည်​။

"သမီးရယ်​...အကူအညီလိုလည်း​ပြော​လေအိမ်​နီးချင်း​တွေပဲ။ဦး​ကျော်​မရှိ​တော့သမီးတစ်​​ယောက်​တည်း​ပေါ့"

"ဟုတ်​...။ဦး​ကျော်​ကအ​မေရိကားကသူ့မိန်းမဆီပြန်​သွားတာဒီမှာအလုပ်​ရှိ​တော့သူမကြာမကြာပြန်​လာမယ်​​ပြောတယ်​အန်​တီ"

အ​မေနဲ့​ကောင်​မ​လေးဧည့်​ခန်းမှာစကား​ပြော​နေကြသည်​။

အ​မေက"​ဟော...မိုးစက်​ဘာရပ်​လုပ်​​နေတာလဲဝင်​လာ​လေ"လို့ကျွန်​မကိုလှမ်း​ခေါ်လိုက်​သည်​။

ကျွန်​မလည်းခုံအလွတ်​တစ်​လုံးမှာ​နေရာယူလိုက်​သည်​။

"ဒါအန်​တီသမီးမိုးစက်​​လေ...။၁၀တန်းကျတာ၂ခါရှိပြီ။ပြန်​တက်​ဆိုတာ​ပေကပ်​ကပ်​လုပ်​​နေတယ်​သမီးရယ်​"

သူမထံမှ" ဘာလို့လဲက​လေးရဲ့...။အမဆိုပညာဒါန​တွေမှာလိုက်​တက်​ပြီး​ဖြေရတာပြန်​​ဖြေပါ​နော်​က​လေး"

အ​မေအခါတစ်​ရာ​ပြောနားမဝင်​တဲ့ကျွန်​မသူမစကား​ကြောင့်​​ခေါင်းကအလိုလိုညိတ်​မိသွားခဲ့သည်​။

အချစ်​ဆိုတာဒါလား...

သူသာအ​ကြွေပန်းဆိုလည်းထာဝစဉ်​နမ်းရှိုက်​ပါရ​စေ..Where stories live. Discover now