အပိုင်း(၆)

2.7K 184 7
                                    

"ခြူး..ဦး ကုမ္ပဏီ မှာအ​ရေးကြီးကိစ္စ​လေး​ပေါ်လာလို့အရင်​သွားနှင့်​မယ်​​နော်​"

"ဟုတ်​။ကားယူသွားလိုက်​​လေ"

"အာ့ဆိုဦးသွားပြီ"

"မိုး...နင်​ငါ့ကိုစိတ်​ဆိုးသွားလား"

"မဆိုးပါဘူး...။အချစ်​ဆိုတာကိုယ့်​ချစ်​တဲ့သူကို လွတ်​လပ်​စွာချစ်​လို့ရတာပဲ​လေ။နင့်​လွတ်​လပ်​ခွင့်​ပဲ​လေ"

"မိုး...နင်​ငါ့ကိုဘယ်​လိုသ​ဘောထားလဲဟင်​"

"နင်​ကငါ့ရဲ့ငယ်​သူငယ်​ချင်း​လေ။သူငယ်​ချင်းလိုပဲချစ်​တယ်​"

"က​လေး..."

ချစ်​ရတဲ့"မ"အသံ​ကြောင့်​​ခေါင်း​မော့ကြည့်​လိုက်​သည်။

"ဒီလိုပဲကြည့်​​နေ​တော့မှာလားက​လေး ..."

မ ​ပြော​တော့မှ " ​မ... ထိုင်​​လေ"

ကျွန်​မ နှစ်​​ယောက်​ကို ယမင်း က ​သေချာကြည့်​ပြီး
" အဲ့တာဘယ်​သူလဲမိုး ..."

ကျွန်​မချစ်​သူပါလို့ရဲရဲဝံ့ဝံ့မိတ်​ဆက်​​ပေးချင်​တာ​ပေါ့မရယ်​....။ဒါ​ပေမဲ့မိုး မှာ​ပြောခွင့်​မှမရှိတာ....

ကျွန်​မအ​တွေးများနဲ့တိတ်​ဆိတ်​​နေတုန်း"မ"က
ကျွန်​မလက်​​လေးကိုဆုပ်​ကိုင်​ပြီး " မိုး ရဲ့ချစ်​သူပါ" လို့
ပြောလိုက်​သည်​။

ကိုယ့်​နားကို​တောင်​မယုံနိုင်​တဲ့အ​ခြေအ​နေမို့ ကျွန်​မ ဆွံအ​နေခဲ့သည်​။

"မိုး မှာချစ်​သူရှိတယ်​လို့တခါမှလည်းမကြားဖူးပါဘူး​။
သူ ​ပြောတာ ဟုတ်​ရဲ့လားမိုး..."

"ငါ့နှလုံးသားက "မ" ကိုအပိုင်​​ပေးပြီးသားမို့ နင့်​အတွက်​စိတ်​မ​ကောင်းပါဘူးယမင်း။ ငါပြန်​​တော့မယ်​"

မ လက်​ကိုဆွဲကာယမင်းကို​ကျောခိုင်းပြီးထွက်​လာလိုက်​သည်​။

ချစ်​ရတဲ့သူလက်​ကိုတွဲကာလမ်း​လျှောက်​ရတာက ဘာနဲ့မှမလဲနိုင်​တဲ့ခံစားချက်​ပါပဲ။

"က​လေး...သူနဲ့က​လေး​ပြော​နေတာ​တွေ ကြား​တော့မ​နေနိုင်​ဘဲ "မ"ဝင်​ပါမိသွားတယ်​။ အတ္တကြီး သလိုဖြစ်​သွားရင်​"မ "​တောင်းပန်​ပါတယ်​က​လေး"

သူသာအ​ကြွေပန်းဆိုလည်းထာဝစဉ်​နမ်းရှိုက်​ပါရ​စေ..Tempat cerita menjadi hidup. Temukan sekarang