အပိုင်း(၉)

2.6K 167 11
                                    

Japan နိုင်​ငံ Tokyo မြို့ 

5နှစ်​ခန့်​ကြာ​သော်​.....

"မ​ရေ....

အဖွားက​ကျောင်းတက်​ဖို့လွှတ်​လိုက်​​ပေမဲ့မိုး အလုပ်​​တွေအဖွားမသိ​အောင်​ခိုးလုပ်​တယ်​။ဦး​လေးကို​တော့ အဖွားကိုမ​ပြောပါနဲ့လို့်​မနည်း​တောင်းပန်​ထားရတယ်​။သူတို့်​ကစာကိုပဲအာရုံစိုက်​​စေချင်​တာ​လေ။ အဖွား ပို့​ပေးတဲ့ပိုက်​ဆံ​တွေကို​ချွေ​ချွေတာတာသုံးတယ်​။ကျောင်းကတ​နေ့လုံးမဟုတ်​​တော့အချိန်​ပိုင်းအလုပ်​၃ခု​လုပ်​တယ်​။ပင်​ပန်းလည်းမနဲု့တူတူ​နေဖို့်​အတွက်​​လေ။ သူငယ်​ချင်းတစ်​​​ယောက်​ကိုအကူအညီ​တောင်းပြီး ရန်​ကုန်​မှာခြံနဲ့တိုက်​လေးဘယ်​သူမှမသိ​အောင်​ဝယ်​ထားတယ်​မ။ ပြီး​တော့သူငယ်​ချင်းကုမ္ပဏီမှာ ရှယ်​ယာဝင်​ထားတယ်​။၅နှစ်​အတွင်း​တော်​​တော်​ဒုခခံပြီးစုထားတာအခု​တော့မိုး လိုချင်​တာ​လေး​တွေဖြစ်​လာပြီ။
မိုး မနက်​ဖြန်​ မြန်​မာပြည်​ ပြန်​မယ်​မ​။အခု​တော့ အဖွား ဖြစ်​​စေချင်​တဲ့ဘွဲ့တစ်​ခုရပြီ​လေ။ မ အားလုံးစွန့်​ပစ်​ပြီး မိုး​နောက်​လိုက်​ခဲ့ပါ​နော်​"

"က​လေးရယ်​...
မဖြစ်​နိုင်​ဘူးထင်​တယ်​"

"မဖြစ်​နိုင်​ဘူးဆိုတာမိုးမကြားချင်​ဘူးမ။ မ ​ပေးထားတဲ့ကတိကိုတည်​ပါ"

"က​လေးရယ်​"

"ဘာလဲမကမိုး ​သေတာမြင်​ချင်​လို့လား။ ချစ်​ရင်​တူတူ ရင်​ဆိုင်​ကြမယ်​​လေ"

"အာ..က​လေးဘယ်​လို​ပြောလိုက်​တာလဲ။ ​ကောင်းပြီ
တူတူရင်​ဆိုင်​ကြမယ်​က​လေး"

"မ..တကယ်​​ပြောတာလား"

"တကယ်​ပါ။ခု​တော့အချိန်​ခဏ​လေး​ပေးပါဦး​နော်​"

"ဟုတ်..ချစ်​တယ်​မ"

..........................................................................

ပြင်​ဦးလွင်

"အဖွား"

"​မြေး​လေး"

"အဖွားရယ်​..​နေမ​ကောင်းဘူးလား။ ပိန်​သွားလိုက်​တာ"

"​အသက်​ကြီးလာ​တော့​သွေးတိုး|နှလုံး ​ရောဂါ​တွေက
တဖြည်းဖြည်းဆိုးလာတာ​ပေါ့​မြေး​လေးရယ်​။ ငါ့​မြေး​လေးနဲ့ ထပ်​မခွဲ​တော့ဘူး"

အဖွားစကား​ကြောင့်​ပျက်​သွားတဲ့မျက်​နှာကိုအပြုံး နဲ့ ထိန်းပြီး"ဟုတ်​ကဲ့အဖွား"

"ညကျအဖွားနဲ့ ညစာသွားစားကြမယ်​"

"ဟုတ်​"

"ခု​တော့သွားနားလိုက်​ဦး"

.........................................................................

Night

အဖွားက ​ပေးထားတဲ့စိန်​ဘယက်​​လေးကိုလည်​ ပင်းမှာဝတ်​လိုက်​ပြီး အနီ​ရောင်​ဂါဝန်​​ပေါင်​​လောက်​​လေးကိုဝတ်​ဆင်​လိုက်​သည်​။မျက်​နှာကိုပါးပါး​လေးလိမ်း
ုခြယ်​ပြီးနှုတ်​ခမ်းနီရဲရဲ​လေးကိုခြယ်​သလိုက်​ပြီး နဂို​ကောက်​ဆံပင်​​လေးကို​ဖြေချလိုက်​သည်​။

အဖွားကသူ့ driver ကို အိမ်​တစ်​အိမ်​ကို ​မောင်းခိုင်းလိုက်​သည်။

အဖွားလိုအိမ်​မျိုး နန်း​တော်​လိုပဲခမ်းနားလှသည်​။

"ဆင်း​လေ​မြေး​လေး"

ကျွန်​မလည်း​ကြောင်​​တောင်​​တောင်​ဖြင့်​ဆင်းလိုက်​သည်​။

အိမ်​အ​ပေါက်​ဝမှာ အ​ဖေ့အရွယ်​​လောက်​ လူကြီးမှ
"ကြိုဆိုပါတယ်​ အ​ဒေါ်နဲ့သမီး..။ အိမ်​ထဲကြွပါ"

အဖွားနဲ့ ကျွန်​မ ထိုသူ​ခေါ်​ဆောင်​ရာ ထမင်းစားခန်းသို့ လိုက်​ပါသွားသည်​။

စားပွဲနားမှယ ကျွန်​မအရွယ်​​ကောင်​​လေးတစ်​​ယောက်​ကို​တွေ့သည်​။

သူ့ က ကျွန်​မ​တွေ့ သည်​နှင့်​ သူ့ ​ဘေးကထိုင်​ခုံကို ထိုင်​လို့ရ​အောင်​အနည်းငယ်​ထ မ ​ပေးလိုက်​သည်​။ကျွန်​မလည်းအလိုက်​သင့်​ထိုင်​လိုက်​သည်​။ အဖွားနဲ့ ဦး​လေးကြီးက​တော့ကျွန်​မတို့နှင့်​မျက်​နှာချင်းဆိုင်​ထိုင်​ကြသည်​။

"မင်္ဂလာပါ..ကျွန်​​တော့်​နာမည်​မိုးခန့်​ထည်​ပါ။ က​လေးအထူးကုဆရာဝန်​ပါမိုးစက်​"

"ကျွန်​မကိုသိ​နေတာလား"

"ဟုတ်​ကဲ့...။ သူ​​ဌေးမကြီးရဲ့ ​မြေးမ​လေးပဲမသိသူမရှိပါဘူးခင်​ဗျာ။ဒါနဲ့ဓာတ်​ပုံမှာထက်​အပြင်​မှာပိုလှတယ်​​နော်​"

"ရှင်​...​ကျေးဇူးပါ"

"အ​ဒေါ်ဘယ်​​နေ့​လောက်​​စေ့စပ်​ပွဲ ကျင်းပကြမလဲ"

"လာမယ့်​စ​နေ​နေ့ကျ​မြေး​လေးမိုးစက်​ရဲ့၂၃နှစ်​ပြည့်​​မွေး​နေ့​လေ။ တခါတည်း​မွေး​နေ့ပွဲနဲ့တူတူကျင်းပလိုက်​ရ​အောင်​​လေ"

"ရှင်​"

............................................................................

သူသာအ​ကြွေပန်းဆိုလည်းထာဝစဉ်​နမ်းရှိုက်​ပါရ​စေ..Where stories live. Discover now