အပိုင်း(၃)

3K 195 7
                                    

"မိုး...မ ကိုချစ်​တယ်​"

ကျွန်​မနဲ့မ မျက်​ဝန်းချင်းအချိန်​ကြာကြာဆုံ​နေမိသည်​။

တိတ်​ဆိတ်​လွန်းလှတဲ့အချိန်​​လေးမှာဖျက်​ဆီး​ရေးဖုန်းသံဝင်​လာသည်​။

မ ကအကြည့်​​တွေကိုလွှဲပြီး ဖုန်း​ကောက်​ကိုင်​လိုက်​သည်​။

"ဟဲလို...ဦး"

ကျွန်​မချစ်​ရသူထံမှ "ဦး" ဆိုပြီး နှုတ်​ဖျားကထွက်​ကျလာချိန်​ နှလုံးသားအလယ်​ဗဟိုတည့်​တည့်​ကို ဓားနဲ့ မွှန်းလိုက်​သလိုခံစားရသည်​။ကျွန်​မ နဲ့ ဒီ​နေရာ မသက်​ဆိုင်​ဘူး​လေ။ ကျွန်​မ ​ရှောင်​​ပေးရမယ်​မလား?

"ချစ်​​လေးရယ်​..ဦး​ခေါ်​နေတာကြာပြီ ။ ဘာလို့​တော်​​တော်​နဲ့မကိုင်​တာလဲ"

"​သြော်​ ဦးရယ်​...ဟို..​ရေချိုး​နေလို့ပါ"

ကျွန်​မ စာအုပ်​​တွေကိုလွယ်​အိတ်​ထဲထည့်​ပြီး ပြန်​ဖို့ ထ လိုက်​သည်​။

မ က ကျွန်​မလက်​ကို လှမ်းဆွဲလိုက်​သည်​။

တဖက်​လူကိုလည်းမက " ဦး...ပြီးမှပြန်​ဆက်​လိုက်​မယ်​"ဆိုပြီး ဖုန်းချလိုက်​သည်​။

"က​လေး....
က​လေး........
မ ကိုကြည့်​ပါဦး"

ကျွန်​မ မျက်​ရည်​​တွေကို "မ " မြင်​မှာစိုးလို့ ​ခေါင်းကို
ငုတ်​ထားမိသည်​။

"အာ....က​လေး
ငို​နေတာလားက​လေးရယ်​.."

ချစ်​ရသူ မ ထံမှ ကြင်​ကြင်​နာနာ မျက်​ရည်​စက်​များကို သုတ်​​ပေးပြီးကျွန်​မ နဖူး​ပေါ် အနမ်း တစ်​ပွင့်​ ​ရောက်​လာသည်​။

ကျွန်​မ ​မ ကို ​မော့ကြည့်​ လိုက်​သည်​။

မ က "ဘယ်​​တော့မှ "မ" အတွက်​​ကြောင့်​ မျက်​ရည်​မကျပါနဲ့က​လေး"

"မ" ရယ်​ "မ" မျက်​ဝန်း​တွေက မိုး ကို ချစ်​တယ်​လို့ ဝန်​ခံ​နေတယ်​​လေ....ဘာလို့ နှုတ်​ခမ်းလွှာ​လေးက ဝန်​မခံတာလဲမရယ်​....

ကျွန်​မ အခန်းကို ပြန်​လိုက်​သည်​။

............................................................................

သူသာအ​ကြွေပန်းဆိုလည်းထာဝစဉ်​နမ်းရှိုက်​ပါရ​စေ..Where stories live. Discover now