အပိုင်း(၁၁)

3K 167 4
                                    

" မ မပြီး​သေးဘူးလား"

"လာပြီ။ခဏ​လေးပါ"

"ရုပ်​ရှင်​ပြ​တော့မယ်​ ။တံခါး​တွေ​သေချာပိတ်​ခဲ့​နော်​"

ကားထွက်​ဖို့ ခြံတံခါးဖွင့်​​နေတုန်း

"မိုးစက်​"

"​မေ​မေ"

"ညည်းတံခါးကိုမြန်​မြန်​ဖွင့်​စမ်း"

တံခါးပွင့်​​သွား​တော့ အ​မေ့ရဲ့ လက်​ဝါးက ကျွန်​မ ပါး​ပေါ်သို့ ကျလာသည်။

"ဖြန်း"

"က​လေး"

ကျွန်​မပါး​လေးကိုလက်​​လေးနဲ့အုပ်​ထားရင်း "ရိုက်​ပါ ။ မိုး ကိုသတ်​လိုက်​လည်းရတယ်​"

" က​လေး...။ ပြန်​မ​ပြောရ​ဘူး​လေ"

"သမီး​တောင်းပန်​ပါတယ်​အန်​တီ"

"​တော်​စမ်းပါ။ မင်းငါ့သမီးကိုဘယ်​လို​တွေများ ဆွဲ ​ဆောင်​လိုက်​တာလဲ။ မင်း က ကိုယ့်​အကျိုးအတွက်​ မိန်းမချင်း​တောင်​မချန်​ပါလား။ အစတည်းက မင်းလို အပျက်​မနဲ့ ပတ်​သတ်​မိတာကိုက ငါမှားတာ"

"အ​မေ ...မ ကိုအဲ့တာ​တွေ​ဆက်​​ပြောမယ်​ဆိုရင်​ပြန်​လိုက်​တာ​ကောင်းမယ်​"

"ညည်းဖွား​​အေနှလုံး​ဖောက်​လို့ ​ဆေးရုံတင်​ထားရတယ်​။ ညည်းကို​တွေ့ချင်​လွန်းလို့ အသည်းအသန်​ ရှာခိုင်း​နေတာငါ့အ​မေ​ကြောင့်​သာမဟုတ်​ရင်​ ညည်းဆီ လည်းလာမ​တွေ့ပါဘူး"

"အဖွား​ဆေးရုံတင်​ထားရတာလားအ​မေ"

"ဟုတ်​တယ်​။ညည်းလိုက်​ခဲ့သင့်​တယ်​ထင်​တယ်​"

" မ...မ ပါတခါတည်းလိုက်​ခဲ့ရမယ်​"

"လိုက်​ခဲ့ပါ့မယ်​က​လေး"

............................................................................

အောက်​​ဆီဂျင်​ပိုက်​တန်းနဲ့ အိပ်​ရာမှာလဲ ​နေတဲ့ အဖွားနားသို့သွားပြီး " အဖွား"

အဖွားက "​မြေး​လေး"

မော​နေတဲ့အဖွားကိုကြည့်​ပြီး" ​မိုး ​တောင်းပန်​ပါတယ်​အဖွား"

သူသာအ​ကြွေပန်းဆိုလည်းထာဝစဉ်​နမ်းရှိုက်​ပါရ​စေ..Where stories live. Discover now