အပိုင်း(၁၀)

3K 178 2
                                    

"မ...အဖွားကသူ့ရဲ့ထုံးစံအတိုင်းသ​​ဘောကျတဲ့သူနဲ့
ပေးစားဖို့လုပ်​​နေပြီ။ စ​နေ​နေ့ ​စေ့စပ်​ပွဲလုပ်​မယ်​ဆိုပြီး
စီစဉ်​​နေတယ်​။ဖြစ်​နိုင်​ရင်​ဒီ​နေ့ချက်​ချင်း​တောင်​ရန်​ကုန်​လာချင်​တာ။ စ​နေ့မနက်​၃နာရီ​လောက်​​​တည်းက​မောင်းရင်​မဆီည​နေ​လောက်​ကျ​ရောက်​ပါတယ်​။ မ ဘက်​ ကအဆင်​သင့်​ပြင်​ထားလိုက်​။မိုး...​ရောက်​ခါနီးကျ
ဖုန်ဆက်​မယ်​​လေ"

"က​လေးရယ်​...အဖွားကအမြင့်​ကိုတင်​​ပေးတာကိုမ ကဆွဲချသလိုများဖြစ်​​နေပြီထင်​တယ်​"

"ဒါ​တွေမသိချင်​ဘူးမ...။အ​ရေးကြီးတာ​မိုးတို့အတူတူ​နေရဖို့ပဲ​ခေါင်းထဲထည့်​ထားပါမ"

...........................................................................

"အဖွား...

မိုးကို​ငွေကုန်​ခံပြီးတိုင်းတစ်​ပါးမှာပညာ​တွေသင်​​ပေးခဲ့တာတွေလို​လေး​သေးမရှိ​အောင်​ထားခဲ့​ပေးတဲ့​ကျေးဇူး​တွေကိုမိုးအမြဲအမှတ်​ရ​နေမှာပါအဖွား။မိုး ချစ်​ရတဲ့ မိန်းက​လေးနဲ့မခွဲနိုင်​လို့ မိုးထွက်​သွားပါရ​စေ။ သူနဲ့ ပဲ ထာဝရတူတူ​နေထိုင်​သွားချင်​လို့ပါအဖွား။ ​မိုး​တောင်းပန်​ပါတယ်​။ ​မိုးကို​ပေးထားတဲ့ကား​လေးနဲ့ အ
ဝတ်​​တွေပဲယူသွားပါတယ်​။ကျန်းမာ​ရေးဂရုစိုက်​ပါ။အရမ်းချစ်​တယ်​ဖွားဖွား"

"​ရွှေရည်​"

"ရှင်​မမ​လေး..."

"ဒီစာကိုအဖွားနိုးလာရင်​​ပေး​ပေးပါ"

"ဟုတ်​ကဲ့မ​မ​လေး"

..........................................................................

"ခြူး​ပြောစရာရှိတယ်​ဦး"

"​ပြော​လေခြူး​လေး"

"ခြူးဘဝသစ်​မှာ​နေချင်​ပြီဦး။ ခြူးတို့ မိသားစုအ​ပေါ်
ကူညီ​ပေးခဲ့တာ​တွေအတွက်​​ကျေးဇူးတင်​ပါတယ်​"

"ခြူးကထွက်​သွားမယ်​ဆို​တော့လည်းကိုကြီးမတား​တော့ပါဘူး။ Good luck for you"

ခြူးတစ်​​ယောက်​​လည်​ပင်းမှ​ရွှေဆွဲကြိုးကို ဖြုတ်​​နေတုန်း" ပြန်​​ပေးစရာမလိုပါဘူးခြူးရယ်​။ ဒီ ​ရွှေတကိုယ်​စာ
က ခြူးအပိုင်​ပဲ​လေ။ယူသွားလိုက်​ပါ"

သူသာအ​ကြွေပန်းဆိုလည်းထာဝစဉ်​နမ်းရှိုက်​ပါရ​စေ..Donde viven las historias. Descúbrelo ahora