အပိုင်း(၈)

2.6K 174 5
                                    

ချစ်​ရတဲ့"မ"​ရေ.....

ပြင်​ဦးလွင်​ရာသီဥတုကရန်​ကုန်​​လောက်​မပူ​တော့​နေလို့​ကောင်းတယ်​။နေ့ဘက်​​တော့​နေပြင်း​ပေမဲ့ညဆို​အေးတယ်​။ဆောင်းတွင်းကျရင်​​တော့ပိုဆိုးမှာ​ပေါ့။ အဖွားကကိုးမြို့ရှင်​ဘိုးဘိုးကြီးကိုကိုးကွယ်​တယ်​။မိုးကို ခဏခဏ​ခေါ်ပြီးပွဲသွား​ပေးတတ်​တယ်​။ဘုရား​တွေ လည်းများကြီးပို့​ပေးတယ်​။သဘာဝတိုင်းစီးဆင်း​နေတဲ့​ရေတံခွန်​မှာအပြတ်​​ရေကစားခဲ့​သေးတယ်​။ ခန္ဓာကိုယ်​ကအပူ​တွေကန်​ပြီးတစ်​ကိုယ်​လုံးအနီအစက်​စက်​​တွေထွက်​လာလို့အဖွားကမနည်းကု​ပေးရတယ်​။ဆွယ်​တာလှလှ​လေး​တွေအများကြီးရှိတယ်​။ ပြီး​တော့မိုးကြိုက်​တဲ့မလိုင်​​တွေများကြီးရှိတယ်​။အဖွားရဲ့ ​ကော်​ဖီခြံကြီးကအကျယ်​ကြီးပဲ။အရမ်းလည်းလှတယ်။ ကျယ်​လွန်းလို့​ခြေကျင်​​လျှောက်​ရင်​မိုးလင်းသွားမယ်​မ။

အဖွားကစည်းကမ်းကြီးတယ်​။အလုပ်​ကို​သေချာလုပ်​မှသ​ဘောကျတယ်​။အဖွားရဲ့ဟိုတယ်​​တွေက​နိုင်​ငံ
ုခြား​သား​တွေကိုတအားဆွဲ​ဆောင်​လွန်းတယ်​။မိုးကို
ကား​မောင်းသင်​​ပေးထားတယ်​။ခု​ဆို​တော်​​တော်​​လေး​မောင်းတတ်​​နေပြီမ။ ​အောင်​စာရင်း​တောင်
ထွက်​​တော့မယ်​​နော်​မ"

"က​လေး...မ အခုဟင်းချက်​သင်​တန်းတက်​​နေတယ်​။သင်​တန်းပြီးရင်​ဟိုတယ်​​တွေနဲ့ချိတ်​ပြီးစားဖိုမှူးပြန်​ခန့်​​ပေးတယ်​။က​လေးကြိုက်​တာ​တွေကိုချက်​​ကျွေးမယ်​သိလား။ဝါသနာပါ​တော့သူကနည်းနည်းသင်​ကိုယ်​ကများများတတ်​တာ​ပေါ့က​လေး။အရာရာဂရုစိုက်​​နော်​က​လေး။က​လေးကဟိုမှာ​ပျော်​​နေတာ​ပေါ့ဟုတ်​လား။အောင်​စာရင်းထွက်​​တော့မှာက​လေး"

..........................................................................

"ဟဲလို"

"ဟဲလိုက​လေး...က​လေးစာ​မေးပွဲ​အောင်​တယ်​"

"ရှင်​" နာရီကြည့်​​တော့ည၁၂​ကျော်​​နေပြီ။အိပ်​ချင်​မူးတူးမျက်​လုံးများပြူးကျယ်​သွားပြီး"မ..တကယ်​​ပြောတာလား။ညဘက်​ကြီးသွားကြည့်​တာလားမရယ်​"

"ဟီး...တကယ်​​ပြောတာက​လေးရယ်​။ဟုတ်​တယ်​သိချင်​လွန်းလို့လာကြည့်​တာ။မ က​လေး​လေးက​တော်​လိုက်​တာ"

"မ...ကတိ​ပေးထားတယ်​​နော်​"

"ဟုတ်​ပါတယ်​က​လေးရယ်​။ဘာလိုချင်​လဲ​ပြောက​လေး"

"ခု​တော့မ​ပြော​သေးဘူး။မိုး ကိုယ့်​​ခြေ​ထောက်​​ပေါ်ကို
ရပ်​တည်​နိုင်​တဲ့အချိန်​ကျ​ပြောမယ်​မ"

"ဟုတ်​ပါပြီ"

အဖွားကိုသွား​ပြောရမလား?
အဖွားအိပ်​ပါ​စေ...
မနက်​ကျမှပဲ​ပြော​တော့မယ်​...

"ဟဲလိုအ​မေ..."

"သမီး​ပြော"

"သမီးစာ​မေးပွဲ​အောင်​တယ်​။ မခြူးခုပဲဖုန်းဆက်​တာ"

"ဟယ်​...တကယ်​လားသမီး။ အ​မေတို့အခုပဲသွားကြည့်​မလို့"

"ဟုတ်​တယ်​အ​မေ။ မခြူး ကဓာတ်​ပုံရိုက်​ပြီးပို့​ပေးပြီး
ပြီ"

"ဝမ်းသာလိုက်​တာသမီးရယ်​"

"အ​ဖေ့ကို​ပြောလိုက်​ဦးအ​မေ။ဒါပဲ​နော်​အ​မေ"

"​အေး...အိပ်​​တော့သမီး"

ဝမ်းသာလုံး​တွေစို့ပြီးတညလုံးအိပ်​မ​ပျော်​ခဲ့​ပေ....

............................................................................

မနက်​...

"ဖွားဖွား"

"​ပြော​လေ​မြေး​လေး"

"သမီး​စာ​မေးပွဲ​အောင်​တယ်​ဖွားဖွား"

"ဟုတ်​လား​မြေး​လေး။အဖွားဝမ်းသာလိုက်​တာ။
မြေး​လေးဘာလိုချင်​လဲ"

"မလိုချင်​ပါဘူးအဖွားရယ်​။အားလုံးပြည့်​စုံ​နေပါပြီ"

"​မြေး​လေးမနက်​ဖြန်​ကစပြီးဂျပန်​စာN5စသင်​ရမယ်​။
N4ထိအမြန်​သင်​ပြီး ဦး​လေးရှိတဲ့ ဂျပန်​မှာ ​ကျောင်းသွားတက်​ရမယ်​​မြေး​လေး"

"ရှင်​။ ဂျပန်​ကိုလားအဖွား"

"ဟုတ်​တယ်​​မြေး​လေး။ ၄နှစ်​ |၅နှစ်​​​လောက်​ကြာမယ်​​မြေး​လေး"

"ရှင်​"

..........................................................................

"မ​ရေ...
ထပ်​​ဝေးရပြန်​ပြီလား...."

သူသာအ​ကြွေပန်းဆိုလည်းထာဝစဉ်​နမ်းရှိုက်​ပါရ​စေ..Where stories live. Discover now