ငယ်ဖန်ဆင်းတဲ့ရင်ခုန်သံ(Ep-5)

4.3K 257 3
                                    

[Zawgyi]

"ငယ်​​ရယ်​ ဘယ်​​တွေသွား​နေတာလဲ ​ဒေါ်​လေးဖြင
့်​ဘယ်​​လောက်​စိတ်​ပူလိုက်​ရလဲ ...​စော​စောက
ရင်​ခုန်​သံ​လေး​ရောက်​လာတယ်​ သမီးကိုစိတ်​ပူပြီးကားနဲ့သွားရှာတယ်​​လေ"

"စိတ်​ညစ်​လိုက်​တာ သူကဘာလို့ခနခနလာ​နေတာလဲ အဓိပ္ပါယ်​မရှိတာ.."

"ခန​နေ ရင်​ခုန်​သံ​လေးပြန်​လာလိမ့်​မယ်​ သမီး​ရန်​မရှာပါနဲ့ "

ရင်​ခုန်​သံ ပြန်​လာဦးမယ်​တဲ့ ငယ်​နည်းနည်း​တော့
ကိုယ်​ချင်းစာမိသည်​။ရင်​ခုန်​သံ နေရာမှာ
သူလဲခံစား​နေရတာဘဲ..မမက ​ဆရာသင်​ခနဲ့တွဲ
နေတာ ညဘက်​ဘုရား​တောင်​တက်​​နေပြီ...
ဒိလိုမှန်းသိရင်​ သူတို့ရှိတဲ့​နေရာမှာမ​နေပါဘူး
မမတို့ကိုမြင်​လိုက်​တာ ငယ်​ရင်​ဆို့တက်​သွားသလိုဘဲ....

"သမီးညစာမစားရ​သေးဘူးမဟုတ်​လား
ရင်​ခုန်​သံ​လေး ပြန်​လာမှစားကြ​တော့"

"သူကဘာလာလုပ်​ဦးမှာလဲ ပင်​ပန်း​နေပြီ.."

"ဟဲ့​....​နေပါဦး ညဥိးကလဲ ရင်​ခုန်​သံ​​လေးက
ညဉ်းကိုအရမ်းဂရုစိုက်​တာ."

"​ဒေါ်​လေးညို..."

"ဘာလဲ​ပြော.."

"​ဒေါ်​လေး​ပြောတဲ့​ကောင်​မ​လေးက ​ဆေးလိပ်​လဲ
သောက်​တယ်​ ရည်​စားလဲရှုပ်​တယ်
သူအကျင့်​ကိုငယ်​တစ်​ခုမှမကြိုက်​ဘူး.."

"မီဘကအလိုလိုက်​​တော့ နည်းနည်းဆိုး​နေတာပါ
မက​လေ သမီး​လေးကပြု ပြင်​​ပေး​စေချင်​တယ်​တဲ့.."

ဘယ်​လိုမှ​ပြောမရပါလား သူဘက်​ကချည်း...
ဒေါ်​လေးညိုက သူပြန်​လာမှညစာအတူစားကြ
ပြောပြီး ဘုရားခန်းထဲဝင်​သွားသည်​။

"ငယ်​...."

အသံကြားရာလှည့်​ကြည့်​လိုက်​​တော့ ရင်​ခုန်​သံကား
ထဲက ​ပြေးထွက်​လာပြီး...

"ဘယ်​​တွေသွား​နေလဲ အသဲစိတ်​ပူလိုက်​ရတာ.."

နောက်​က​နေ ရင်​ခုန်​သံလှမ်းဖက်​တာခံလိုက်​ရသည်။

ငယ်ဖန်ဆင်းတဲ့ရင်ခုန်သံOnde histórias criam vida. Descubra agora