ငယ်ဖန်ဆင်းတဲ့ရင်ခုန်သံ(Ep-14)

4.2K 217 11
                                    

Unicord

မနေ့က ငယ်နဲ့မသွန်းရွှေရည်ကိုတွေ့လိုက်ရတော့ ရင်ခုန်
သံအလွန်အမင်းစိတ်မကောင်းဖြစ်ခဲ့ရသည်။
နင်သူကိုအရမ်းချစ်နေတယ် ပျော်နေတယ်
ငါကလဲ နင်ပျော်မယ်ဆိုရင် ဘာဘဲလုပ်ပေးရလုပ်ပေးရ
ငယ်ရာ...မင်း ပျော်မယ်ဆိုရင်မနှောက်ယှက်တော့ပါဘူး..
?

ချစ်ရသူပျော်ရွှင်အောင် အနားကထွက်သွားပြီဆိုတော့မှ
ရင်ခုန်သံအသေအချာသိလိုက်ရသော သတင်းအတွက်
ဆောက်တည်ရာမရတုန်လှုပ်သွားသည်။
ငယ်သိရဲ့လား မသွန်းရွှေရည်စေ့စပ်ပွဲကျင်းပတဲ့ ဟိုတယ်
ကိုရောက်သွားရင်း သတင်းကြားလာခဲ့တာ သေချာသည်။
သူ့ ဒေါသဖြစ်ရတယ် ငယ်ကဘယ်လိုလုပ်မလဲ ဟိုအမကို
ယုံကြည်ပြီးအရမ်းပျော်ရွှင်နေတာ။ရင်ခုန်သံ လုံးဝသည်းမခံ
နိုင်တော့ စေ့စပ်ပွဲပြီးချိန် ဧည့်သည်တွေကိုဧည်ခံပြီး မသွန်း
ရွှေရည် အပြင်ထွက်လာသည်နှင့်...

"ဒီမှာ..."

"ဟယ် ...ရင်ခုန်သံ.."

"ဒါဘယ်လိုဖြစ်တာလဲ...ငယ်ကကော..."

"မဖြစ်နိုင်ဘူးထင်လို့ နောက်ဆုပ်လိုက်တာပါ ငယ်က
မင်းနဲ့ဘဲလိုက်ဖက်ပါတယ်...."

"ဘာ..."

"တို့...ခဏတာသာယာမှုနဲ့မှားယွင်းသွားတယ် တောင်း
ပန်ပါတယ် ရင်ခုန်သံ ငယ်ကို​လဲပြောပေးပါ တို့သင်္ခနဲ့
လက်ထက်ပို့အထိစီစဉ်ပြီးနေပြီ....

"ရှင်..ဘာလုပ်တာလဲ ငယ်ရဲ့အချစ်တွေကို
စော်ကားပစ်လိုက်တာဘဲ...."

"မင်းကိုတောင်းပန်ပါတယ် ရင်ခုန်သံ...တို့
ဂုဏ်သိက္ခာအတွက်ဘယ်လိုမှမဖြစ်နိုင်လို့ပါ တို...."

"ငယ်ကဘာဖြစ်နေလို့လဲ...ပြောစမ်းဘာရှင်
မိန်းမချင်း ပွဲလယ်မတင့်မှာစိုးလို့လား..."

"တို့မှာ တိကျတဲ့အဖြေမရှိဘူး...သူက
တို့တပည့်ဖြစ်နေတယ်..."

"အဲ့ဒါဆို ခင်ဗျားကဘာဖြစ်လို့ ငယ်ကိုကြိုက်တာလဲ
ပြောစမ်းဘာ!!.."

သူ့ဆွဲပြီး ပါးရိုက်တော့မလို့ လက်ရွယ်လိုက်ချိန် ကို
သင်္ခရောက်လာသည်။

"သွန်း ဘယ်ပျောက်နေတာလဲ ဟိုမှာဧည့်သည်တွေ
ရှာနေကြတယ်...."

ငယ်ဖန်ဆင်းတဲ့ရင်ခုန်သံDonde viven las historias. Descúbrelo ahora